Click 03

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ပြန်ထွက်လို့ ရပါပြီ။


Covid Myth Part - 3

​မေး - Ventolin ဟာ ကိုဗစ်အတွက် အသုံးတည့်လား။
​​ဖြေ - Covid ကြောင့် လူတွေ အသက်ရှုကျပ်ပြီး အောက်ဆီဂျင်ကျတယ်ဆိုတာက ကိုဗစ်ရောဂါပိုးကြောင့် pneumonia လို့ခေါ်တဲ့ အဆုတ်ရောင်ရောဂါဖြစ်လို့ပါ။ အဆုတ်ထဲမှာ ယောင်ယမ်းခြင်း (inflammation) တွေဖြစ်လာပြီး အဆုတ်ထဲ ရေဝင်တာတွေကြောင့် လူနာဟာ အသက်ရှုပေမယ့်လည်း အောက်ဆီဂျင်ဟာ သွေးထဲရောက်ဖို့ ခက်ခဲသွားလို့ သွေးတွင်းအောက်ဆီဂျင်ပမာဏ(SpO2) ကျသွားရခြင်း ဖြစ်ပါတယ်။ လေပြွန်ကျဉ်းလို့ အသက်ရှုရခက်ပြီးတော့ အောက်ဆီဂျင်ကျတာ မဟုတ်ပါဘူး။
ဆိုတော့ Ventolin ဆိုတာဘာလဲ။
Ventolin ဆိုတာကတော့ ပန်းနာရင်ကျပ်သမားတွေ ရင်ကျပ်တဲ့အခါ ရှုရတဲ့ လေပြွန်ကျယ်ဆေးပါ။ ကိုဗစ်လူနာတွေ အောက်ဆီဂျင်ကျနေလို့ဆိုပြီး ရှုခိုင်းလည်း အောက်ဆီဂျင်က တက်မလာနိုင်ပါဘူး ခင်ဗျ။
ယခုအချိန်မှာ ကိုဗစ်ဖြစ်လို့ သွေးတွင်းအောက်ဆီဂျင်ပမာဏကျနေရင် အောက်ဆီဂျင်ကို အိုးနဲ့လည်း မရှုနိုင်သေးတဲ့အချိန်မှာ prone position (မှောက်လျက်အနေအထား)နဲ့ အသက်ရှုခြင်းကို လုပ်ထားပေးနိုင်မယ်ဆိုရင် အောက်ဆီဂျင်ပမာဏ ပြန်တက်လာနိုင်ပါတယ် ခင်ဗျာ။

Credit goes to ဆေးတက္ကသိုလ် ၁ ကျောင်းသားသမဂ္ဂ

မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။ 

Comments

  1. ☘️☘️ vpn ပြောင်းနှိပ်

    ReplyDelete

Post a Comment