Click 02

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ပြန်ထွက်လို့ ရပါပြီ။

Covid Myth Part - 2

မေး - အိမ်မှာ ကိုဗစ်မဖြစ်အောင် ဆိုပြီး ဂျင်းပြုတ်ရည် ပူပူကို နေ့တိုင်းသောက်ရပါတယ်။ ဂျင်းပြုတ်ရည် က ကိုယ်ခံအား ကောင်းစေတယ် ဆိုတာ တကယ် ပါလားရှင်။
ဖြေ- ကိုဗစ်ရောဂါကို ကာကွယ်နိုင်သည့် အစားအစာ ဟူ၍ မရှိသေးပါ။ ကိုဗစ်ရောဂါကို ကာကွယ်ရန် နည်းလမ်းများမှာ mask တပ်ခြင်း၊ လက်ဆေးခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်း နှင့် social distancing ပြုလုပ်ခြင်း တို့ ဖြစ်ပါသည်။ ဂျင်းပြုတ်ရည် ကို ခေါင်းကြည်စေရန်၊ အန်ချင်စိတ် လျော့ကျစေရန် သောက်သုံးလေ့ရှိပြီး ကိုယ်ဝန်ဆောင် များ၊ အစာအိမ်ရောဂါ ရှိသူများ၊ သွေးမတိတ်ရောဂါ ရှိသူများ၊ ဆီးချို နှင့် သွေးတိုးရောဂါရှိသူများ၊ သွေးကျဲဆေး သောက်သုံးနေရသူ များ ဖြစ်ပါက ရှောင်ကြဉ်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။
မေး- ဂွေးတောက်ရွက် / ပင်စိမ်းရွက် ရှူရင် အောက်ဆီဂျင် ပြန်တက်လာတယ် ဆိုတာ ဟုတ်ပါသလား? တကယ် အောက်ဆီဂျင် ပြန်တက်လာတယ် လို့ ပြောကြလို့ပါ။
ဖြေ - မဟုတ်ပါ။ တိကျတဲ့ သက်သေအထောက်အထား များ၊ သုတေသနများလဲ မရှိသေးပါ။ ပြန်တက်လာသည် ဆိုသည်မှာလဲ စိတ်၏ ယုံကြည်မှု၊ စေစားမှု ကြောင့် ရောဂါသက်သာသယောင် ခံစားရတာမျိုး ဖြစ်နိုင်ပါသည်။ ဆေးပညာ အခေါ်အဝေါ်အရ placebo effect လို့ ခေါ်ပါသည်။ စိတ်သက်သာရစေတာ မှန်သော်လည်း ကိုဗစ်ရောဂါကိုတော့ တကယ် မသက်သာ စေပါ။
တန်ဆေး လွန်ဘေး ဖြစ်နိုင်တာမို့ ဆေးမြီးတိုနည်းတွေကို အလွန်အကြူး မလုပ်ဖို့ တိုက်တွန်းပါသည်။

Credit goes to ဆေးတက္ကသိုလ် ၁ ကျောင်းသားသမဂ္ဂ

မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။

Comments

Post a Comment

Popular posts from this blog

C2D's Numerology (Click 06)

CLICK

C2D's Numerology (Click 06)