Click 04

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ပြန်ထွက်လို့ ရပါပြီ။


Covid Myth part - 4 (ကြက်သွန်နီရှုလို့ အနံ့ပြန်ရမရ)

ကြက်သွန်နီကို ထောင်းပြီးရှုရင် ကြက်သွန်နီထဲက allicin ဓာတ်ကြောင့် အသက်ရှုလမ်းကြောင်းမှာ ရှိတဲ့ ပိုးမွှားတွေ သေမယ်။ နှာပွင့်ပြီးတော့ အနံ့ပြန်ရမယ်ဆိုတာလေး တခုတွေ့လိုက်တယ်ပေါ့နော်။
ပြောချင်တာက ကိုဗစ်ပိုးကြောင့် အနံ့ပျောက်တယ်ဆိုတာက နှာခေါင်းမှာရှိတဲ့ အနံ့ခံအာရုံကြောဆဲလ်တွေက ကိုဗစ်ဗိုင်းရပ်စ်ပိုးကြောင့် ပျက်စီးသွားပြီး အနံ့ပျောက်တာပါ။ နှာပိတ်လို့ အနံ့ပျောက်တာ မဟုတ်ပါဘူးဗျာ။ ကြက်သွန်နီဟာ အာဟာရဓာတ်ပြည့်ဝတယ်ဆိုပေမယ့် ကြက်သွန်နီနဲ့ ကိုဗစ်ရောဂါကို သုတေသနလုပ်ထားတဲ့စာတမ်းတွေ မရှိသေးပါဘူး။
နောက်တချက်က Allicin ဆိုတဲ့ ဓာတ်ပစ္စည်းက anti-bacterial လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးတွေကို သေစေတဲ့ သတ္တိရှိတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် ကိုဗစ်ဟာ SARS-CoV-2 လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးပါ။ ပိုးအမျိုးအစားခြင်းလည်း မတူတဲ့အတွက် anti-bacterial action နဲ့ virus ကို သတ်လို့မရပါဘူး။
နိဂုံးချုပ်ရရင်တော့ ကြက်သွန်ကိုပဲ စားတာပဲဖြစ်ဖြစ်၊ ထောင်းပြီးရှုရင်ပဲဖြစ်ဖြစ် ကိုဗစ်တော့ မပျောက်ပါဘူး။ ကြက်သွန်နံ့မွှန်ပြီး မျက်ရည်ပဲ ကျနေရပါလိမ့်မယ်။ အခုအချိန်မှာ အကောင်းဆုံးကတော့ ကိုယ်ခံအားကောင်းအောင် ကြက်သွန်နီအပါအဝင် အစားအစာ အစုံစားခြင်းပဲ ဖြစ်ပါတယ် ခင်ဗျာ။

Credit goes to ဆေးတက္ကသိုလ် ၁ ကျောင်းသားသမဂ္ဂ

မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။  

Comments

Post a Comment

Popular posts from this blog

Don't Hand Over (Click 03)

Morning Greeting (Click 01)

Click 03