Click 05

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ပြန်ထွက်လို့ ရပါပြီ။


Covid Myth part - 5

ပိုးသတ်ဆေးကြိုသောက်ထားရင် ကိုဗစ်မဖြစ်တော့ဘူးလား
ပိုးသတ်ဆေး antibiotics တွေဟာ bacteria ရောဂါပိုးတွေကို နှိမ်နင်းဖို့ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်နဲ့အတူ သောက်ရတဲ့ဆေးတွေ ဖြစ်ပါတယ်။
ကိုဗစ်ရောဂါပိုးဟာ SARS-CoV-2 လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပါ။ ပိုးအမျိုးအစားချင်း မတူတဲ့အတွက် ပိုးသတ်ဆေးတွေကို သောက်ခြင်းဖြင့် ကိုဗစ်ပိုးကို မကာကွယ်နိုင်ပါဘူး။
ထို့အပြင် ပိုးသတ်ဆေးတွေကို သောက်ထားခြင်းကြောင့် ပိုးသတ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးများဖြစ်တဲ့ နုံးနယ်ခြင်း၊ ပင်ပန်းခြင်း၊ ဝမ်းပျက်ခြင်းတို့ကိုပါ ခံစားရနိုင်ပါတယ်။ ပြီးတော့ ပိုးသတ်ဆေးကို မလိုအပ်ဘဲ သောက်ခြင်းကြောင့် ဆေးမတိုးသည့် ဘက်တီးရီးယားပိုးများအဖြစ် ကူးပြောင်းသွားနိုင်ပါသည်။ ထို့ကြောင့် ပိုးသတ်ဆေး (Anti-biotics) များကို ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ သောက်သုံးသင့်ပါကြောင်း အကြံပြုအပ်ပါသည်။

Credit goes to ဆေးတက္ကသိုလ် ၁ ကျောင်းသားသမဂ္ဂ

မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။   

Comments

  1. ဟုတ်ကဲ့ ကျေးဇူးပါနော်ရှင့်

    ReplyDelete

Post a Comment

Popular posts from this blog

Morning Greeting (Click 01)

Flowers (Click 03)

Morning Greeting (Click 01)