Click 06

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ပြန်ထွက်လို့ ရပါပြီ။

Covid Myth Part - 6

စတီးရွိုက်(steroid)ဆေးတွေ သောက်ရင် ကိုဗစ်ကို ကြိုတင်ကာကွယ်နိုင်လား
အခုတလော ကိုဗစ်မဖြစ်အောင်ဆိုပြီး စတီးရွိုက်၊ နယ်မှာဆို အရောင်ကျဆေးလို့သိကြတဲ့ ဆေးတွေကို သောက်တာ၊ဆေးထိုးတာတွေ ခေတ်စားနေကြပါတယ်။ ဆိုတော့ စတီးရွိုက်ဆေးတွေကို ကြိုသောက်၊ ကြိုထိုးထားခြင်းဖြင့် ကိုဗစ်ရောဂါကူးစက်ခြင်းကို လုံးဝမကာကွယ်ပေးနိုင်ပါဘူး။
ကိုဗစ်လူနာများကို စတီးရွိုက်ဆေးတိုက်ရခြင်းဟာ လူနာရဲ့အခြေအနေအပေါ် မူတည်ပြီး ပေးရခြင်းသာ ဖြစ်ပါတယ်။ ထို့အပြင် စတီးရွိုက်ဆေးသောက်တဲ့လူနာတွေဟာ dose အပေါ်မူတည်ပြီးတော့ tail off(ဆေး ပမာဏကို တဖြည်းဖြည်းလျှော့ချရခြင်း) လုပ်ရတတ်ပါတယ်။ ဆရာဝန်များကို မတိုင်ပင်ဘဲ စတီးရွိုက်ဆေးကို ကြိုသောက်ထားပြီးမှ ဆေးကို ရုတ်တရက်ဆက်မသောက်ဘဲ ရပ်လိုက်ရင် ဆိုးကျိုးများစွာ ရနိုင်ပါတယ်။
စတီးရွိုက်ဆေးရဲ့ဆိုးကျိုးတွေကတော့
- ကိုယ်အလေးချိန်တက်လာခြင်း
- ဆီးချိုးပိုဆိုးရွားလာစေခြင်း
- သွေးတိုးပိုဆိုးလာစေခြင်း
- ကိုယ်ခံအားကျဆင်းခြင်း
- အမြင်အာရုံဝေဝါးခြင်း
- စိတ်ခံစားမှု အတက်အကျများ ဖြစ်လာခြင်း
- ခန္ဓာကိုယ်တွင် အမွှေးများ ပိုမိုထူထဲလာခြင်း
- ဝက်ခြံများထွက်လာခြင်း
- အရိုးပွစေခြင်း
- ခန္ဓာကိုယ်ရှိ ကြွက်သားများကို အားနည်းစေခြင်း
စတဲ့ဆိုးကျိုးများစွာ ရရှိစေနိုင်ပါတယ်။
ထို့ကြောင့် စတီးရွိုက်ဆေးများကို ဆရာဝန်နှင့် တိုင်ပင်ခြင်း မရှိဘဲ လုံးဝလုံးဝ မသောက်သုံးသင့်ကြောင်း တိုက်တွန်းလိုပါတယ်။
အချုပ်ပြောရရင် စတီးရွိုက်ဆေးတွေကို သောက်သုံးခြင်းဖြင့် ကိုဗစ်ရောဂါကို ကြိုတင်မကာကွယ်ပေးနိုင်ပါဘူး။ ဆရာဝန်များရဲ့ ညွှန်ကြားချက်များဖြင့်သာ သောက်သုံးသင့်ပါတယ်။
ကိုဗစ်ရောဂါကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းများကတော့ လက်ကို ခဏခဏ ဆေးကြောခြင်း၊ လူစုလူဝေးများကို အတတ်နိုင်ဆုံး ရှောင်ရှားခြင်း၊ အပြင်သွားတိုင်း mask တပ်ခြင်းတို့ပဲ ဖြစ်ပါတယ်။

Credit goes to ဆေးတက္ကသိုလ် ၁ ကျောင်းသားသမဂ္ဂ

မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။    

Comments

Popular posts from this blog

Morning Greeting (Click 01)

Flowers (Click 03)

Morning Greeting (Click 01)