Why is the sky blue? (Click 04)

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ကောင်းကင်ကြီး ဘာလို့ အပြာရောင် ဖြစ်နေရတာလဲ?

(ဖတ်ရှုရန် ကြာချိန် ၃ မိနစ်ခွဲခန့်)

 

ကောင်းကင်ပြာကို ဘယ်သူများ ဆေးရောင်ခြယ်...

ငှက်တွေကိုကွယ် ဘယ်သူတွေ တေးဆိုသင်တယ်....

 

         ဟုတ်ကဲ့၊ ငှက်တွေကို ဘယ်သူတွေ သီချင်းဆို သင်သွားတယ်ဆိုတာ ကျွန်တော် မသိပေမယ့် ကောင်းကင်ကြီး ဘာကြောင့် အပြာရောင်ဖြစ်နေရတယ် ဆိုတာကိုတော့ သိပါတယ်ခင်ဗျ။ ကျွန်တော်တို့ ကမ္ဘာကြီးမှာ လေထုရှိတယ်.. ဟုတ်တယ်နော်? အားလုံးသိကြတဲ့အတိုင်းပဲ အဲ့လေထုထဲမှာ နိုက်ထရိုဂျင် ၇၈ %၊ အောက်ဆီဂျင် ၂၁ % နဲ့ တခြားဓါတ်ငွေ့တွေက ကျန်တဲ့ရာခိုင်နှုန်း ပါတယ်ပေါ့ဗျာ။ နေဆီက ကျလာတဲ့ အလင်းရောင်က အဖြူရောင်ပါ။ တော်တော်များများကတော့ ပြောကြပါလိမ့်မယ် "အဝါရောင်” ပါပေါ့။ မဟုတ်ပါဘူး။ ကိုယ့်လူတို့ နေ့ခင်းဖက်မှာ ရှိနေမယ့် နေလုံးကို လှမ်းကြည့်လိုက်ပါ။ အဖြူရောင်ကိုပဲ မြင်ရပါလိမ့်မယ်။ အဲ့တာ နေရဲ့ တကယ့်အရောင်မှန်ပါ။

အဖြူရောင် ဖြစ်ဖို့အတွက် အရောင်တွေ ပေါင်းစပ်ရပါတယ်။ ဒါကို သိပြီးသူတွေ ရှိပါလိမ့်မယ်။ မသိတဲ့သူတွေအတွက်လည်း အရှင်းဆုံး ပြောပြပေးပါမယ်။ သုံးမြှောင့်ဖန်တုံး ဒါမှမဟုတ် ရေမှုန်တွေကို အလင်းတန်း ဖြတ်သွားတဲ့အခါ သက်တံ့ရောင်စဉ် ထွက်ပါတယ်။ အဲ့ဒီတော့ ရှင်းပါတယ်။ သက်တံ့ရောင်စဉ် (၇) ခုကို ပြန်ပေါင်းလိုက်ရင် အဖြူရောင် ဖြစ်တယ်ပေါ့ခင်ဗျာ။ တလက်စတည်း သက်တံ့ရောင်စဉ် (၇) ခုကို အလွယ်မှတ်နည်းလေးပါ ပြောလိုက်မယ်ဗျာ။ ROYGBIV အသံထွက်ကတော့ ရွိုင်ဂျီဘစ်ဗ် ပါ။ Red, Orange, Yellow, Green, Blue, Indigo နဲ့ Violet ပါ

ကျွန်တော်တို့ မျက်လုံးတွေရဲ့ Retina မှာ Rods နဲ့ Cones ဆိုတဲ့ အာရုံခံဆဲလ်လေးတွေ ပါပါတယ်။ အဲ့နှစ်မျိုးမှာ Rod က အလင်း၊ အမှောင်နဲ့ အလင်းပြင်းအား ပမာဏကို ပြပေးပြီးတော့ Cone ကကျ အရောင်တွေကို သတ်မှတ်ပေးတယ်ပေါ့။ အဲ့ဒီမှာ Cones လေးတွေက RGB ပါ။ RGB သတ်မှတ်ချက် ကိုတော့ သိကြမယ်ထင်ပါတယ်။ ခုလက်ရှိ ကွန်ပြူတာတွေ၊ ဖုန်းတွေမှာ ပါနေတာပဲကို နော..။ အဲ့ဒီမှာ လာပါပြီ။ ကျွန်တော်တို့ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံအရ ကျွန်တော်တို့ ကြည့်လိုက်တဲ့အရာမှာရှိတဲ့ RGB မှာ R (အနီရောင်) က ပိုများနေတယ်ဆိုရင် အဲ့ပစ္စည်းကို အနီရောင်လို့ သတ်မှတ်လိုက်ပါတယ်။ တစ်ကယ်လို့ B (အပြာရောင်) က ပိုများမယ်ဆိုရင်တော့ အပြာရောင်ပေါ့ဗျာ။

ကမ္ဘာ့လေထုထဲမှာရှိတဲ့ တချို့ဒြပ်မှုန်လေးတွေက အပြာရောင် အလင်းတန်းရဲ့ လှိုင်းအလျားနဲ့ အရွယ်အစား အတူတူပဲတဲ့ဗျ။ ကဲ.. ဇာတ်လမ်း စ,ပြီ။ နေဆီကနေ အဖြူရောင်အလင်းတန်း ကမ္ဘာဆီကို ကျလာပြီ ဆိုပါတော့ဗျာ။ အဲ့ဒီ အဖြူရောင် အလင်းတန်းဟာ ကမ္ဘာ့လေထုထဲ ရောက်တဲ့အချိန် ခုနက ဒြပ်မှုန်လေးတွေနဲ့ တိုက်မိပြီး ဘေးပတ်လည်ကို ဖြာထွက်ကုန်ပါတယ်။ ဘာအရောင် ဖြာထွက်သလဲဆို အပြာရောင်အလင်းတန်းရဲ့ လှိုင်းအလျားနဲ့ အရွယ်အစား အတူတူဆိုမှတော့ အပြာရောင်ပေါ့ခင်ဗျာ... အပြာရောင်ပေါ့။ အဲ့ဒီအလင်းတန်းဟာ ကမ္ဘာပေါ်ကို တိုက်ရိုက်မကျနိုင်တော့ဘဲ အရပ်မျက်နှာအစုံ ဖြာထွက်သွားတယ်ပေါ့ဗျာ။ ဆိုတော့ နေရဲ့အလင်းရောင်ဟာ ကမ္ဘာ့မျက်နှာပြင်ပေါ်ကို မကျခင် အပြာရောင်ကို စစ်ထုတ်ခံလိုက်ရပါတယ်။ အဲ့ဒီလိုနဲ့ ကမ္ဘာ့လေ့ထုထဲမှာ အပြာရောင်တွေ ပြန့်ကျဲသွားပြီး ကိုယ့်လူတို့ မြင်နေရတဲ့ ကောင်းကင်ပြာကြီး ဖြစ်လာတယ်ပေါ့ဗျာ။ (ဒီဖြစ်စဉ်ကို Rayleigh Scattering လို့ ခေါ်ပါတယ်။ ၁၉ ရာစုက ဗြိတိန်ရူပဗေဒပညာရှင် Lord Rayleigh ရဲ့နာမည်ကို အစွဲပြုပြီး ပေးခဲ့တာဖြစ်ပါတယ်။)

နောက်တစ်ခု ပြောရရင် နေကျသွားတဲ့အချိန်မှာ လေထုအတွင်း အလင်း ဖြတ်သန်းသွားရတဲ့ အကွာအဝေးဟာ ပိုရှည်သွားပါတယ်။ မြင်သာအောင် ပြောပြပါမယ်။ ကမ္ဘာကြီးကို အလွှာ ၂ ထပ် ရှိတဲ့ စက်ဝိုင်းခြမ်းတစ်ခုလို့ ယူဆလိုက်ပါ။ အပေါ်ယံ တစ်လွှာကတော့ လေထုပေါ့ဗျာ။ စက်ဝိုင်းခြမ်း အပေါ်တည့်တည့်ကနေဆို ဖြတ်သန်းသွားရမယ့် ထုထည်ပမာဏ နည်းပေမယ့် စက်ဝိုင်းခြမ်းရဲ့ ထောင့်ဖက်ကဆိုရင်တော့ ထုထည် ပိုများသွားမယ်ဆိုတဲ့ သဘောပါပဲ။ အဲ့ဒီတော့ ဖြတ်သွားရမယ့် လေထုပိုများလေ အလင်းပြန့်တာ ပိုများပြီး ကောင်းကင်ကြီး ပိုပြာလေပဲပေါ့ဗျာ။ ဒါကြောင့် နေ့လည်နေ့ခင်းဆို ကောင်းကင်က အပြာဖျော့ဖျော့ဖြစ်ပြီး ညနေပိုင်းဆို အပြာရင့်ရင့် ဖြစ်သွားတာပါ။ အဲ့လို အပြာရောင်တွေ အများကြီး စစ်ထုတ်ခံလိုက်ရတော့ နောက်ဆုံး နေဝင်ချိန် ရောက်တဲ့အခါ ဘာအပြာမှ မကျန်တော့ဘဲ ဖြစ်သွားပါတယ်။ အဲ့ဒီတော့ ဘာအရောင် ဖြစ်သွားမလဲ။ ရောင်စဉ် (၇) ခုမှာ အပြာဖက်ခြမ်း စပ်ဆက်အရောင်တွေကို ဖယ်ထုတ်လိုက်ရင် Red, Orange နဲ့ Yellow ပဲ ကျန်ပါတော့တယ်။ အဲ့တာကြောင့်ပဲ နေဝင်ချိန်ဟာ နီစွေးစွေး ပုစွန်ဆီရောင် ဖြစ်ရတာပါပဲခင်ဗျာ။

နောက်တစ်ချက်ကတော့ ဒီအလင်းပြန့်တဲ့ ဖြစ်စဉ်ကြောင့်ပဲ နေ့လည်နေ့ခင်းမှာ ကြယ်တွေကို မမြင်ရတာပါ။ ကလေးအတွေးမှာတော့ တစ်ခုရှိပါလိမ့်မယ်။ နေ့ဖက် နေကြီး ထွက်နေလို့ ကြယ်တွေကို မမြင်ရတာပါပေါ့။ ကြယ်တွေရဲ့ အလင်းရောင်တွေဟာ သူတို့ထက် ပိုလင်းတဲ့ နေရဲ့အလင်းရောင်ကို ကျော်မသွားနိုင်တာကြောင့် ကြယ်တွေကို မမြင်ရတာဆိုပြီး တွေးတတ်ကြမှာပါ။ မဟုတ်ပါဘူးခင်ဗျာ။ မှားပါတယ်။ အပြာရောင် အလင်းတန်းတွေဟာ ကမ္ဘာကြီးရဲ့ လေထုပတ်ပတ်လည်မှာ တောက်ပနေတဲ့ အတွက်ကြောင့် ကျွန်တော်တို့တွေဟာ အဲ့အကျော်မှာရှိနေမယ့် ကြယ်တွေကို မမြင်ရတော့တာ ဖြစ်ပါတယ်။ လေထုသာမရှိဘူးဆိုရင် ကျွန်တော်တို့တွေဟာ နေ၊ လနဲ့ ကြယ်တွေကို တစ်ချိန်တည်းမှာ မြင်နေရမှာပါခင်ဗျာ။

C2D

ကိုးကား ; StarTalk Podcast by Neil deGrasse Tyson

မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။

Comments

  1. Replies
    1. This comment has been removed by the author.

      Delete
    2. စိတ်မကောင်းစွာဖြင့် သူငယ်ချင်းတို့ရေ ကျနော့်ဖုန်းပြင်မှာမလို့ နောက်၈ရက်နေ့ရင် c2dမှာပြန်ဆုံကျမယ် မကစ်ရလို့ စိတ်မကောင်းဖြစ်ရပါသည် ကျနော်ဖုန်းကြော်ငြာမတပ်လို့ပါ နှုတ်ဆက်ခဲ့ပါတယ် ၈ရက်နေ့ရင်ဆက်ဆက်ပြန်လာခဲ့ပါမည် မေ့မသွားကျပါနဲ့ အရေးတော်ပုံ အောင်ရမည်

      Delete
    3. The blue sky is so beautiful😘💙

      Delete
    4. Burma Freedom ကလှူတာပါ လိုအပ်သူယူပါနော်၊ ရတဲ့သူ ပြောခဲ့ပေးပါဦး(⁠ ⁠˘⁠ ⁠³⁠˘⁠)

      O - 4213 2291 7208 0434

      M - 27 5754 8285 7322 7017

      Delete
  2. ကောက်ရိုးမီးမဟုတ်

    ReplyDelete
  3. နှိပ်ပြီးပါဗြီ...

    ReplyDelete
  4. ပို့သမေတ္တာ တံတိုင်းပမာ
    PDFတွေ ဘေးရန်ကာပါစေ

    ReplyDelete
  5. Fighting admin and clickers 💪
    Be safe

    ReplyDelete
  6. Gen lee တောသားနောက်ကြောင်းမကောင်းမေးယင်
    ဂိမ်းဒေါင်းနေတာလိုဖြေတယ်🤣

    ReplyDelete
  7. With passion & perseverance, I click everyday.

    ReplyDelete
  8. မင်းပျံနိုင်လား မပျံနိုင်ရင်ပြေး
    မင်းပြေးနိုင်လား မပြေးနိုင်ရင်လမ်း လျှောက်
    မင်းလမ်းလျှောက်နိုင်လား မလျှောက်နိုင်ရင် တွားသွား
    အဓိက ကရွေ့နေဖို့ပါပဲ

    ReplyDelete
  9. We Click, We Support and We Win.
    We will fight till the end 💪🏽. We must win!

    ReplyDelete
  10. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  11. ၃ခါခွဲပီး ဖတ်သွားတယ် 😁😁🤣

    ReplyDelete
  12. ကောင်းကင်ပြာကြီးအောက်မှာအသက်ပေးတိုက်ပွဲဝင်နေတဲ့ PDF တွေကိုချစ်တယ်

    ReplyDelete
  13. ရဲဘော်တွေကို ဘယ်သူ​တွေ ကလစ် စေတယ်
    တွေးမနေနဲ့ ကွယ် ကိုယ့်စိတ်သဘောပါကွယ်

    ReplyDelete
    Replies
    1. ရဲ‌‌ေဘာ်‌ေတွကို ကလစ်စေတာ မင်မင်ပေါ့ အသိသာကြီးကို ၊ဟုတ်တယ်ဟုတ်

      Delete
    2. ရဲဘော်တွေကို မင်မင် ကလစ်စေတယ်🎵🎶🎼 အသိသာကြီး အသိသာကြီးပါကွယ်🎶🎵🎼😘😘😘

      Delete
  14. ဟုကဲ့...ကောင်းကင်ဂျီးဘာ့ဂျောင့်ပြာလဲသိရပါပြီ..
    တိမ်တိုက်တွေ ဘာ့ဂျောင်ဖြူသလဲ သိချင်ပါတယ်ခင်ည..
    (အင်မင်ဂျီးပြောမှပဲ ကိုယ်လဲ ခုထိကလေးအတွေးကမတက်နိုင်သေးပါလား..ဟူး...)

    ReplyDelete
  15. We are winner
    Fighting together💪💪
    အဆုံးထိတိုက်သွားမယ်

    ReplyDelete
  16. Blue sky on the earth is produced by the scattering of blue light in the spectrum by particles of air

    ReplyDelete
  17. 🧕🧕🧕🧕💪💪💪
    အက်မင်ဂျီးပြောမှဘဲသိတော့တယ်ဗဟုသုတတွေပေးတဲ့အတွက်ကျေးဇူးပါ

    ReplyDelete
  18. Every clickers matter
    Every clicks matter
    Don't give up
    Keep Going

    ReplyDelete
  19. လမ်းဘေးမှာ ခဏလေးတောင်ငေးမောဖို့ အချိန်မှမရရင် ဘာဘဝလဲနော်
    အခုတော့ မအလတွေကြောင့်လူကသာသွားလာလှုပ်ရှားနေပေမဲ့ စိတ်တွေကအကျဥ်းကျ
    နေခဲ့ရပြီ😔

    ReplyDelete
  20. All clicker fighting,we must win.

    ReplyDelete
  21. This article is really interesting.

    ReplyDelete
  22. ‌ကျေနပ်‌‌နေတယ်‌

    ReplyDelete
  23. ကောင်းကင်ပြာကို ဘယ်သူများဆေးရောင်ခြယ်💙

    ReplyDelete
  24. KEEP Going and Stay strong 💪🏻💪🏻😘

    ReplyDelete
  25. ‌ဝါးဝိုး cool တယ်fineတယ် အပြင်မှာလဲနေလဲပူတယ်

    ReplyDelete
  26. လီဆိုး​ဟော့ရဲ့​ကောင်မ​လေး♡

    ReplyDelete
  27. အခုမှသိတယ်။ 😯😯😯

    ReplyDelete
  28. အဲတာနဲ့ ပက်သတ်ပြီး ခုမှသိတယ်
    ကျေးဇူး မင်မင်

    ReplyDelete
  29. Done ❤️❤️❤️💪💪💪

    ReplyDelete
  30. အန္တရာယ်ဖြစ်မှာစိုးလို့ အာဏာရှင်ကို
    မတော်လှန်ပဲ နေတယ်ထား
    မင်းတို့ရဲ့အနာဂတ်နဲ့မျိုးဆက်တွေ
    အတွက်အန္တရာယ်ကင်းလိမ့်မယ်လို့
    ယုံကြည်အာမခံရဲလား?
    Ñ@îñĝ

    ReplyDelete
  31. အရေးတော်ပုံ မုချအောင်ရမည်။

    ReplyDelete
  32. မင်္ဂလာရှိတဲ့ညလေးဖြစ်ပါစေ

    ReplyDelete
  33. Be safe and healthy all clickers

    ReplyDelete
  34. 🥭 Done တစ်နေ့တော့ ကောင်းကင်ပြာကြီးကိုRomantic ဆန်ဆန်ကြည်ချင်မိသား

    ReplyDelete

  35. 🌸 ဆိုးရွားခါးသီးလွန်းတဲ့ နာရီတွေကြား
    ငါတို့ချင်း
    တစ်ယောက်ကို တစ်ယောက်ပေးနိုင်တဲ့အရာ‌တွေထဲ
    "ချစ်ခြင်းမေတ္တာ"ဟာ တန်ဖိုးအကြီးဆုံးပါပဲ 🌸

    ReplyDelete
  36. This comment has been removed by the author.

    ReplyDelete
  37. 🥷 လက်နက် ...

    @ လိုအပ်တဲ့အရာ ...
    မရှိတဲ့နေရာနဲ့အရပ်မှာ
    မင်းတို့ငါတို့ ...
    ငုတ်တုတ်‌အသေခံရမှာလား။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  38. အနော့် ကောင်းကင်ကြီးက အပြာရောင်
    ချစ်လို့ပြာတာပါ 😁😜

    ReplyDelete
  39. အပေါ်ဆုံးမှာ Bill လှူထားပါတယ်နော် လိုတဲ့သူ ယူပါ
    မတွေ့မှာစိုးလို့ပါ

    ReplyDelete
  40. Good night 😴
    Admin and clickers 😊

    ReplyDelete


  41. မိမိပြုသောကံ ပဲ့တင်သံ
    မိမိထံ ပြန်လာမည်💯✨

    ReplyDelete
  42. Have a sweet dreams everyone 💞

    ReplyDelete
  43. ကောင်းကင်ကြီးက ကျနော့်ကိုချစ်လို့တဲ့ ပြာရတာ 😁🤭

    ReplyDelete
  44. စိတ်ရှိသလောက်သာ
    ခံစားမှုနောက် ကို လိုက်ကြေးဆိုရင်
    အသက်တောင် ပြန်ပါမလာဘူး.။

    ကြည်ဇော်အေး

    ReplyDelete
  45. 🥷 ဖြစ်နိုင်ခြေ ...

    @ လောကမှာ ...
    နိုင်နေရာကနေ ရှုံးနိုင်သလို
    ရှုံးနေရာကနေ နိုင်သွားနိုင်တယ်
    ဘယ်အရာမှ မတည်မြဲပါ၊

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  46. ရှင်းပြပေးလို့ကျေးဇူးပါ

    ReplyDelete
  47. Replies
    1. ဩော..အတွေးတွေ ဟာ
      🤭

      Delete
  48. ဪ....ချစ်လို့ပြာရတာပါဆိုမှပဲ 😜

    ReplyDelete
  49. ဒါတို့တိုင်း တို့ပြည်
    တို့ကလစ်ချက်ဖြင့် ကာကွယ်ပါမည်💞

    ReplyDelete
  50. ကိုယ်ကတော့ သင်ခါရ သမားလေးပါ😁😁

    ReplyDelete

Post a Comment

Popular posts from this blog

Trust Yourself (Click 03)

Your Heart (Click 02)

Best Thing (Click 03)