Frank Sinatra - Famous People's Quotes (Click 04)

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Clickers တို့ရေ... ၁၀ စက္ကန့်နေပြီးမှ ပြန်ထွက်ပေးပါနော။

အချိန် စ,မှတ်ပါပြီ။ 10

        Fly Me To The Moon ဆိုတဲ့ သီချင်းလေးကို ကိုယ့်လူတို့ ရင်းနှီးကြမယ်ထင်ပါတယ်။ ဟုတ်ပါတယ်၊ ဒီပုဂ္ဂိုလ်ကြီးက အဲ့သီချင်းလေးကို သီဆိုခဲ့သူပါ။ ဒီသီချင်းလေးကို တေးရေး Bart Howard က 1954 ခုနှစ်မှာ ရေးဖွဲ့ခဲ့တာပါ။ သီချင်းလေးရဲ့  မူရင်းနာမည်က "In Other Words" ဖြစ်ပြီး မူရင်းအဆိုတော်က Kaye Ballard။ ဒါပေမယ့် 1960 နောက်ပိုင်း အဆိုတော် Peggy Lee သီဆိုအပြီးမှာတော့ "Fly Me To The Moon" အဖြစ် လူသိများပြီး ပေါက်သွားပါတော့တယ်။ 1963 မှာတော့ Peggy က သီချင်းနာမည် တရားဝင် ပြောင်းလဲရေးကို တေးရေး Bart Howard နဲ့ ဆွေးနွေးခဲ့ပါတယ်။ အဲ့ဒီနောက် 1964 မှာတော့ Frank Sinatra က "It Might As Well Be Swing" ဆိုတဲ့ Album ထဲမှာ ပြန်လည်သီဆိုခဲ့ပါတယ်။ တေးရေးဆရာ ပြောတာကတော့ Frank ပြန်ဆိုတဲ့အချိန်ထိဆို  ကြားထဲမှာ ဒီသီချင်းဟာ မူကွဲပေါင်း ၁၀၀ လောက်ထိကို ထွက်ထားပြီလို့ ဆိုပါတယ်ခင်ဗျ။ ဒါပေမယ့် Frank ရဲ့ ဗားရှင်းကတော့ နာမည်အကြီးဆုံး ဖြစ်သွားပါတယ်။ ဘာလို့ဆို NASA က သူတို့ရဲ့ Apollo Mission တွေမှာ သုံးခဲ့လို့ပါ။ Apollo 10 လကို ပတ်တဲ့အချိန်နဲ့ လူသားမျိုးနွယ်စုရဲ့ ပထမဆုံး လပေါ်ခြေချခြင်း Mission ဖြစ်တဲ့ Apollo 11 ရဲ့ Mission တွေမှာ ဒီသီချင်းလေးကို ဖွင့်ခဲ့တာပါတဲ့ခင်ဗျာ။

        Frank Sinatra ရဲ့ Fly Me To The Moon ကို နားဆင်ချင်ရင်တော့ အောက်မှာ လင့်ခ်လေးတွေ ထည့်ပေးထားပါတယ်ခင်ဗျာ။

Tidal

ဒီကိုနှိပ်ပါ

Apple Music

ဒီကိုနှိပ်ပါ

Spotify

ဒီကိုနှိပ်ပါ

YouTube

ဒီကိုနှိပ်ပါ


မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။

Comments

  1. Replies
    1. ဒီနေ့ မယ်လို နောက်ကျသွားတယ်
      Sorry par

      Delete
    2. အလုပ်က ပြန်ချိန်လေး ကားပေါ်မှာ ခိုးClick🖤

      Delete
    3. This comment has been removed by the author.

      Delete
    4. ကိုThar Nge ရေ ဂရုစိုက်ပါဗျ

      Delete
    5. ဂရုစိုက်ပါကိုသားငယ်

      Delete

  2. "Your Choice Is Your Life"

    လူတစ်ဦးပြည့်စုံစွာ အောင်မြင်ဖို့ နဲ့
    ဘဝ မှာ အရာအရာအဆင်ပြေဖို့က
    ကံ၊ဉာဏ်၊ ဝီရိယ သိပ်ကို အရေးကြီးတယ်

    ကံမကောင်းရင်တောင် “ဉာဏ် ဝီရီယ” ကို အားစိုက်မယ်ဆို
    လက်ရှိနေရာထက်တော့ ပိုကောင်းတဲ့ နေရာကိုရောက်နိုင်ပါတယ်

    ဘဝမှာ အများကြီးလည်း မမျှော်လင့်နဲ့
    အရမ်းလည်းအားမကျနဲ့
    ဘယ်တော့မှလည်း လက်မလျော့နဲ့

    မိမိကိုယ်ကိုသာ တိုးတက်အောင်ကြိုးစားနေပြီး
    ကိုယ့်လက်ရှိ နေရာလေးကိုပဲ ဘယ်လို အကောင်းဆုံးဖြစ်အောင် နေမလဲ

    ဘယ်လိုပိုကောင်းအောင် ရှေ့ဆက်မလဲဆိုတာ အရေးကြီးဆုံးပဲ



    San Zuren 🌸

    ReplyDelete
    Replies
    1. မှတ်သားရပါတယ် San
      ကျေးဇူးပါ <3

      Delete
    2. မမ San ရေးတဲ့စာသားတွေကိုသဘောကျတယ် Knowledge ရစေတယ်

      Delete
  3. ပြည်သူ့မိခင်က "ထမင်းစစ်စစ်စားချင်တယ်"တဲ့

    ဘာသဘောလဲ ဉာဏ်မမီပေမယ့်

    ရင်မချိဘူးဗျာ

    "ကိုလင်းလင်းပြောသလို မေတ္တာတရားကိုအဓမ္မကအမြဲတမ်းသတ်တဲ့တို့နိုင်ငံ"

    ဒါပေမယ့်...မေတ္တာတရားကတော့ ရှင်သန်နေဆဲပါ

    အမေ ကျန်းမာနေပေးပါ အမေ

    ReplyDelete
    Replies
    1. စခတေရဲ့ ထမင်းမစားချင်တာနေမယ် ပြည်သူစစ်စစ်တွေရဲ့မေတ္တာနဲ့ကျွေးတဲ့ထမင်းပြောတာလား မသိဘူးနော်

      Delete
    2. ဒီမနက်စိတ်ကိုမကောင်းဘူးအမေ့အတွက်🥲

      Delete
    3. တော်လှန်ရေး အမြန်အောင်စေချင်ပြီ....
      နှလုံးသားတွေဟာ တခါတလေ မခံစားနိုင်လောက်အောင်နာကျင်ရတယ်...
      နေ့စဉ်ရက်ဆက် ကြယ်ကြွေတွေကို အံကြိတ်ပြီးထိုင်ကြည့်နေရတယ်၊ မတရားတဲ့ ဥပဒေနှင့်လုပ်ရပ်‌တွေကို နေ့စဥ် ရင်ဆိုင်နေကြရတယ်၊ တောကြောင်တွေကလည်းတမျိုး၊
      ဟူးးးး....
      ဘယ်တတ်နိုင်မလဲ ပိုကလစ်ကြရုံပေါ့။

      -JustFeeling

      Delete
    4. မတတ်နိုင်တာတွေကြားထဲက
      တတ်နိုင်တာဆက်လုပ်ကြမယ်
      မဝေးတော့ပါဘူး
      ဆက်သွားကြရုံပါပဲ ညိုပြာ

      Delete
  4. အခုချိန်က ကိုယ့်နိုင်ငံကို တတ်စွမ်းသလောက် ကယ်တင်ရမယ့်အချိန်ပါ...
    ကိုယ်နဲ့ဆိုင်သလိုနေထားမှ နိုင်မယ့်တော်လှန်ရေးမို့ ကောက်ရိုးမီးမဟုတ်တဲ့
    ကလစ်လက်တွေနဲ့ အဆုံးထိတိုက်ပွဲဝင်ကြပါစို့...✊

    ReplyDelete
  5. လိုချင်နေတာ ခင်ဗျားအချစ်မဟုတ်ဘူး😕
    လိုချင်နေတာ Democrazy🎉

    ReplyDelete
  6. လာပါပြီရှင်💖💖💖💖💖

    ReplyDelete
  7. တစ်မြို့လုံးတိတ်ဆိတ်နေတာဘဲ။ အပ်ကျသံတောင်မကြားရဘူး။🥺🥺

    ReplyDelete
    Replies
    1. ဂရုစိုက်ပါနော်

      Delete
    2. I can imagine it.
      Take good care and always think safety first. Girl

      Delete
    3. သတိနဲ့နေပါ ဂရုစိုက်ပါနော်
      ဘေးကင်းပါစေရှင့်။

      Delete
    4. ဟုတ်ကဲ့ပါ။ ဂရုစိုက်ပါတယ်။ စိတ်ပူပေးတဲ့ အတွက်လည်းကျေးဇူးတင်ပါတယ်ရှင့်။ fighting 💪💪
      ကိုယ့်မှာ ရင်ဖွင့်စရာဆိုလို့ ဒီနေရာဘဲရှိတာ။😁😁 နှလုံးတွေတော့ အခုထိတုန်နေတုန်း😅😅

      Delete
    5. အားလုံးရဲ့ မေတ္တာ တွေနဲ့ အဆင်ပြေသွားမှာပါ ညီမလေး ရေ
      အစစ အရာရာ ဘေးကင်းပါစေ

      Delete
    6. ရတီ ဂရုစိုက်ပါနော်🙌

      Delete
  8. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  9. နှလုံးသားနဲ့ နားထောင်တယ် သီချင်းတွေကို

    ReplyDelete
  10. တို့တွေနိုင်ရမည်💪(moonshine)

    ReplyDelete
  11. ဂျီနဂါး စကားနားထောင်တယ်ပေါ့လေ 😁

    ReplyDelete
  12. 1.2.2022 ပြည့်သူ့မြို့ပြည်သူပိုင်ရမယ့်နေ့ရက်ကို အသေကြောက်တဲ့ မိတ်စာ တသိုက် မနားတမ်းလိုက်အော်နေတယ်

    ReplyDelete
  13. Never underestimate our enemy but no need to afraid
    Be safe and strong

    ReplyDelete
  14. မန့်တွေပျောက်ကုန်

    ReplyDelete
    Replies
    1. ဟုဟု မမနတ်သမီးပြန်ရှာပေးမယ်..မပူနဲ့ ဆက်သာမန့်ပစ်

      Delete
    2. သူလေးလဲ ဂူးဂူးရဲ့ Botနှင့်ငြိသွားပြီ heehee :D

      Delete
    3. ၂ခါရှိသွားပြီ
      မနေ့ကမှ ပြန်ရေးရတာကို
      ဒီနေ့ ပြန်ငြိ��

      Delete
    4. Appဝ‌ော
      အိပ်ချင်တာ����

      Delete
  15. တခါမှ နားမထောင်ဖူးခဲ့ဘူး.သွားနားထောင်လိုက်ရင်း တခြားသီချင်းတပုဒ်ကို သတိရမိသွားစေတယ်.
    Don't make me close one more door.....I don't wanna.....

    ReplyDelete
  16. yes. သူ့ချစ်တော့ သူ့စကား နားထောင်တာပေါ့ 😁😁

    ReplyDelete
  17. ပတ်ဝမ်းပြီးလို့ ပတ်တူး​လေး ​မျှော်​နေတုန်း တတုန်တုန်နဲ့ နိုတီတက်လာ​တော့ ကလစ်လိုက်တာ​ပေါ့ခင်ဗျာ

    ReplyDelete
  18. အကိုတိုးရယ် မောထှာ😅😅

    ReplyDelete
  19. Fly me to the moon.And let me play among the stars.Let me see what spring is like on, Jupiter and Mars... 🎼🎼

    ReplyDelete
  20. PDFများနှင့် ပြည်သူ့ဖက်တော်သားများအားလုံးဘေးကင်းလုံခြုံအောင်မြင်ကြပါစေ
    အရေးတော်ပုံအမြန်ဆုံးအောင်ပါစေ

    ReplyDelete
  21. ဆားဂုပ်ကျစ်တွေ အမြစ်ပြုတ်ဖို. ငါတို.ဝိုင်းဝန်း click ကြစို. 😁😁😁

    ReplyDelete
  22. ကျွန်တော်တို့ဟာ အမှန်တရားအတွက် လွတ်လပ်မှုအတွက် ခိုင်မာတဲ့စိတ်ဓာတ်တွေနဲ့ မဆုတ်တမ်း တိုက်ပွဲဝင်ကြပါရမယ်။

    ReplyDelete
  23. မဆုတ်မနှစ်ကြိုးစားclick

    ReplyDelete
  24. နွေဦးတော်လှန်ရေးမှာ ဘက် နှစ်ဘက်ပဲ ရှိတယ်
    ဓမ္မ ဘက်နဲ့ အဓမ္မ ဘက်
    ကိုယ်က ဓမ္မဘက်မှာ ရပ်ပါတယ်
    ဓမ္မ ဘက်တော်သားတွေဘက်မှာ ရပ်တယ်
    ဓမ္မ ဘက်တော်သားရဲဘော်ရဲဘက်တွေ ဘက်မှာ ရပ်တယ်
    အရာရာတိုဂ်းကို မျှဝေစာနာခံစားတတ်တဲ့သူတွေဘက်မှာ ရပ်ပါတယ်

    ReplyDelete
  25. “ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ၊ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ ”

    *** ပြင်းပြသော ဆန္ဒ ဝီရိယနဲ့ ပြုလုပ်တဲ့ အလုပ်မှန်သမျှ မအောင်မြင်တာ မရှိ ***

    ReplyDelete
  26. With passion & perseverance, I click everyday.

    ReplyDelete
  27. ယဲ့ ပြီးပြီဗျ

    ReplyDelete
  28. PDF တွေမှာ ဗဟို ခေါင်းဆောင်မှု တစ်ခုမရှိဘူး။ PDF တွေ အများဆုံးကိုင်နေရတာ တူမီးပဲရှိတယ်။
    KIA နဲ့ AA လက်အောက်ကို အဓိက ထားပြီး အမြဲတမ်း စစ်တပ် တစ်ခု သဘောမျိုးအဖြစ် ရှိစေချင်တယ်။
    ဒီပုံအတိုင်းဆို ဗမာနယ်မြေထဲက Local PDF တွေ စမုံတုန်းတော့မယ်။ အဲ့ဒီ အဖြစ်ကို NUG က သိပ်အလေးမထားဘူး။ ဘာဖြစ်လို့လဲ။

    ReplyDelete
  29. We will fight till the end 💪🏽.
    We must win!

    ReplyDelete
  30. over commitment leads me tired alot 😅..

    ReplyDelete
  31. အမှန်တရားဘက်မှာ
    ပြည်သူတွေ ရှိတယ်။

    ReplyDelete
  32. Yes, we must take massive success is the biggest revenge to our enemy JUNTA.

    ReplyDelete
  33. Please see for me if her hair hanging long

    ReplyDelete
  34. In the darkness of my night

    ReplyDelete
  35. Fighting All Clickers.🌹❤️🌹

    ReplyDelete
  36. အရှုံးမပေးဘူး ဒူးမထောက်ဘူး သွေးမအေးဘူး နောက်မဆုတ်ဘူး အဆုံးထိတိုက်မယ် ငါတို့သမိုင်း ငါတို့ရေးမယ်✊✊✊✊

    ReplyDelete
  37. Good evening all clickers and admin 💛🧡💙💜💜♥️💪 💪💪

    ReplyDelete
  38. 💕💕💕🌹🌹🌹💞💞💞

    ReplyDelete
  39. ooredoo. 4678354496667236


    ထည့်ပီးရင် ပြောခဲ့ပေးပါနော် 😍

    ReplyDelete
  40. ငါ့မထိသေးဘူး ငါ့မထိသေးဘူးနဲ့ ကိုယ်အဆင်ပြေသလိုနေနေတဲ့သူတွေ တနေ့ကျ ကိုယ့်ထိလာတဲ့အခါကျ နောင်တရဖို့သိပ်နောက်ကျသွားမယ့်အဖြစ်မျိုးမလိုချင်ကြပါနဲ့ဗျာ ကူကြပါ လှူကြပါ

    ReplyDelete
  41. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​စေ

    ReplyDelete
    Replies
    1. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​စေ

      Delete
  42. စမ်း​ချောင်း​မြေနီကုန်းမှာ သပိတ်ပြန်က​လေး​တွေကိုရိုက်ပြီးဖမ်းတာ မြင်မ​ကောင်းဘူး စိတ်နာတယ်

    ReplyDelete
  43. 🎵🎵🌙 Dengan kata lain,
    genggamlah tanganku🌙🎵🎵

    ReplyDelete

Post a Comment

Popular posts from this blog

Morning Greeting (Click 01)

Flowers (Click 03)

Morning Greeting (Click 01)