The Flaming Rhythm (Click 05)

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Clickers တို့ရေ... ၁၀ စက္ကန့်နေပြီးမှ ပြန်ထွက်ပေးပါနော။

အချိန် စ,မှတ်ပါပြီ။ 10

        "တာရာမင်းဝေ အမှတ်တရ စာစုများ" မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ မီးတောက်ရစ်သမ်က အပိုင်း (၇) ပိုင်းပါတဲ့ ကဗျာရှည်တစ်ပုဒ်ပါ။ တစ်ရက်ကို တစ်ပိုင်းစီ တင်ပေးသွားပါ့မယ်ခင်ဗျာ။

မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။

Comments

  1. Replies
    1. "လူတွေက အရူးတွေပဲ" တဲ့
      သိပ်မှန်တာပဲ
      မျက်ရည်တောင်ဝဲတယ်
      မှန်တွေတောင် ဒီလောက် မမှန်ဘူး
      ဘယ်ညာ မှားနေသေး

      ကိုး

      Delete
  2. My fav. Waiting 4
    (ဒီ version က စာသားနည်းနည်းပိုလာတယ်)

    ReplyDelete
    Replies
    1. "လက်နက်မပါပဲ
      စစ်ဝင်္ကပါ မှာ
      ငါ...မတိုက်ရဲဘူး"
      အရင်ဖတ်ခဲ့တုန်းကမပါခဲ့ဘူး

      Delete
    2. အဲ့လိုပဲ...
      မင်း မပါပဲ...ငါ ဆက်မလျှောက်ရဲဘူး (သရဲကြောက်တယ် 😆)
      I'm scared, yeah, I'm still scared. 😜

      Delete
    3. "မင်း" ပါတဲ့သူတွေရှိလား 🤭

      Delete
    4. "သိုးဆောင်းဂီတာတစ်လက်ရဲ့မှတ်တမ်း" စာအုပ်ထဲက မီးတောက်ရစ်သမ် ဆိုတဲ့ကဗျာလေးပ... (...)ရယ် အဲ့အောက်ကရယ်၂ကြောင်းက ပိုလာသလားပ..

      Delete
    5. @Lugyi
      ကိုယ်ပဲ မမြင်လိုက်တာလားလို စဉ်းစားနေတာ. 😃
      @SL
      ကလေးတွေ ရှူးတိုးတိုး...🤫

      Delete

  3. တော်လှန်သူ
    -----------------

    ကိုယ်ဟာ...
    နန်းမဆန်သလို
    ပန်းလည်း မပန်တတ်ပါဘူး
    အကန်းမဟုတ်ခဲ့လေတော့
    အပွေးမြင် အပင်လည်း သိပါရဲ့
    အတွေးအမြင်ကလည်း ခပ်ရှင်းရှင်းပါပဲ
    ရှင်းလွန်းတော့လဲ ပြတ်သပေါ့ ချစ်သူ...

    ဒီချိန်ခါ ကိုယ်ဟာ...
    လူတန်းစားအသိနဲ့ ဝါဒကို ယုံကြည်သူ
    အမှန်တရားကို မြတ်နိုးသူ
    ဖိနှိပ်ခံတွေဖက်က ရပ်တည်သူ
    ဓမ္မ ကိုလိုလားသူပါ ချစ်သူ...

    ကိုယ့်ကို တန်ဖိုးထားပါ
    ကိုယ်ဟာ သူတကာထက် ပိုချစ်တတ်သူပါ
    ကိုယ့်ကို ဂုဏ်ယူပါ
    ကိုယ်ဟာ သူတကာထက် တာဝန်ကျေသူပါ
    ကိုယ့်ကို သစ္စာရှိပါ
    ကိုယ်ဟာ သူတကာထက် စွဲမြဲတတ်သူပါ
    ကိုယ့်အတွက် ဘဝမှာ
    အလိုအပ်ဆုံးအရာဟာလည်း
    နွေးထွေးစွာ ဆီးကြိုပွေ့မယ့်
    မင်းတစ်ယောက်တည်းပါ ချစ်သူ ...


    San Zuren 🌸

    ReplyDelete
  4. ရင်မှာ ဒီလောက်ချစ်ပါသည်
    ဘာမဆို ကိုယ် အဆုံးရှုံးခံမည်
    အလှမ်းဝေးတဲ့
    ပန်းကလေး မြနှင်းဆီ

    #တစ်နေ့နေ့တော့ချစ်၍လာလိမ့်မည်
    😊

    ReplyDelete
    Replies

    1. လူငယ်တစ်ယောက်ကို
      ပြုစားဖို့
      ဘယ်နတ်ဘုရားထံမှာ
      နင့်လက်တွေဖြန့်ကားတောင်းခံခဲ့သလဲ...
      ငါ့ရာဇဝင်ခပ်ကျဲကျဲကိုငရဲမီးထဲတွန်းချလိုက်ချင်တယ်
      သံယောဇဥ်ဆိုတာ
      အရောဝင်လို့မကောင်းတဲ့
      ခွေးကလေးပါပဲ..

      အကြိုက်ဆုံး အပိုက်လေးပေါ့

      Delete
  5. နားမလည်ဘူးဗျာ brainက so shallow 😁😁

    ReplyDelete
  6. ကောင်းသောနေ့လေးဖြစ်ပါစေ
    အားလုံးပဲ ကျန်းမာရေးဂရုစိုက်ကြပါဗျ
    Let's keep clicking 💪🌞

    ReplyDelete
    Replies
    1. ခုခေတ် လူငယ်တွေဟာ
      T Lay တို့ထက် အများကြီး တော်ပါတယ်နော်၊

      ဒါ့ကြောင့် စိတ်ဓာတ်ကျ

      မလွယ်ပါနဲ့နော်၊

      လူငယ်များ နှင့် ကြိုးစားနေသူ များ အားလုံးကို

      အမြဲလေးစားလျှက်ပါ။

      💪💪💪

      Delete
    2. ဟုတ်ကဲ့ T Lay
      အမြဲအားတင်းကြိုးစားနေပါတယ် 💪

      Delete
    3. တီလေးက နောက်ကနေ
      Supporting ပေးဖို့ အမြဲ
      အဆင်သင့်ပါ။

      Delete
  7. ရှင်ကွဲ
    ---------
    ဆောင်းကုန်မယ့်ညမို့ မချမ်းတော့ဘူးဆိုပေမယ့်
    လေတစ်ချက်အဝေ့ လွင့်ခနဲအေး

    ပေါင်းမဆုံတဲ့ဘဝမို့ မလွမ်းတော့ဘူးဆိုပေမယ့်
    ကြွေတစ်သက်မမေ့ နင့်ခနဲဆွေး ။

                                ဆန်းကျော်စွာဝင်း

    ReplyDelete
    Replies
    1. ဆရာ ​တာရာမင်း​ဝေ ကဗျာ​တွေ ပိုပိုကြိုက်လာတယ်
      စာအုပ်​တွေလဲ ဖတ်ရတာ အရမ်းသ​ဘောကျတယ်
      တလရကြီး ပြီးသွားရင် တာရာမင်း​ဝေစာအုပ်​တွေ များကြီးဝယ်မယ်

      Delete
    2. Same here too
      Bookworm တစ်ယောက်ပါ 🙋‍♀️

      Delete
    3. ကျနော် Bookworm တော့ မဟုတ်ပေမယ့် စာဖတ်ရတာ, ကဗျာစာအုပ်တွေကို လက်ကကိုင်ပြီး ဖတ်ရတာ သဘောကျတာ
      ခု စာအုပ်တွေ မြင်ရင် လိုချင်တဲ့ ရောဂါဖြစ်နေတယ်
      နောက်မှ ဝယ်မယ်ဆိုပြီး ပုံတွေ save ထားတာ တော်တော်များနေပြီ 😄😄

      Delete
    4. Telegram မှာလဲ မင်းလူ /ဆရာမ ဂျုးတို့စာအုပ်တွေဖတ်လို့ရတယ်နော်

      Delete
    5. ဆရာမင်းလူတို့ ဂျူးတို့လဲကြိုက်တယ်. မဖတ်မနေရစာအုပ်ပုံထဲခေါင်းနှစ်လိုက်ရပြီးနောက်ပိုင်း ရသစာတွေမဖတ်ဖြစ်တော့လို့

      Delete
    6. ကျနော်လဲ ရသစာပေပဲ ပိုကြိုက်တယ် ...
      စာဖတ်တာတော့ စာအုပ်ကိုင်ဖတ်ရတာပဲ သဘောကျတယ်
      pdf file တွေ ဒေါင်းထားလည်း မဖတ်ဖြစ်ဘူးရယ်
      ပြောပြလို့ ကျေးဇူးနော် @Man Lun

      Delete
  8. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
    Replies
    1. ခရမ်းပြာရောင် ဖဲကြိုးလေးရေ
      ငါဟာ မင်းသခင်မထံမှာ
      ခစား ဦးညွှတ်ခွင့် ရခဲ့ချင်ရုံမျှပါ..
      💕🍀

      Delete
    2. အချစ်ဟာစစ်ခဲ့ပေမယ့်...
      စစ်တွေ မချစ်ချင်ခဲ့တဲ့ကောင်မို့
      တစ်ပါးသူဆီကမင်းကို တိုက်မယူခဲ့တာပါ။ ။
      - KMW
      -တောပန်းပွင့်ဆေးကဗျာမှ

      Delete
  9. Ygnမီတာဘောက်တွေ လိုက်​
    ဖြုတ်
    နေတယ် ကိုယ့်လူတို့ရေ
    ထက်မိတ်ဆွ
    အကိုနှစ်ယောက်အိမ်က လာဖြုတ်သွားတယ်
    မီတာပဲသွားဆောင်ရမလားမသိတော့ဘူး.....
    တိုက်ခန်းက မီးစက်ရော solar ရော အဆင်မပြေဘူး😭
    တခါတလေအားတင်းထားရင်းကြားက စိတ်ဓာတ်ကျချင်လာတယ်😥

    ဒါမဲ့ကြိုးစားပြီးကလစ်နေတယ် ကိုယ့်ကိုကိုယ် အားပေးရင် တခြားလူကိုလဲအားပေးရင်း💪💪💪

    ..............♥Htet................

    ReplyDelete
    Replies
    1. စိတ်ဓာတ်တော့ မကျပါနဲ့ထက်ရေ
      ဟိုဘက်က လိုချင်တာ အဲလိုစိတ်ပျက် စိတ်ဓာတ်ကျ‌မှုတွေ၊ ကိုယ့်အိမ်ကို တကယ်လာဖြုတ်တဲ့အခါမှ လာဆောင်ပါ့မယ် အဆင်မပြေသေလို့မဆောင်တာပါ ပေါ့၊ အဲဒီခါမှ ထပ် စဉ်စားပါ့လားနော် ..

      Delete
    2. Yeah အားတင်းထားပါတယ်♥💪

      Delete
  10. "သံယောဇဉ်....ဆိုတာ

    အရောဝင်လို့ မကောင်းတဲ့

    ခွေးကလေးပါပဲ...။" တဲ့

    ဟုတ်တယ်

    မီးတောက် ရစ်သမ်နှင့်အတူ

    ငါ့ဘဝထဲ တိုးဝင်လာတယ်.....

    ခုတော့လည်း ဆရာ့ကဗျာထဲကလို

    ရထားတို့ဥဩဆွဲလိုက်ကြပြီ

    ပြီးဆုံးသွားပါပြီ...

    အမှတ်တရဆိုတဲ့

    ဖြတ်မရတဲ့ ကြိုးလေးတွေပဲ

    ချန်ခဲ့ရှာတယ်...။

    -loveispain
    -justfeeling

    ReplyDelete
    Replies

    1. 9(ကိုး)ရဲ့အသံ
      နား‌‌ထဲစွဲနေတယ်... 🤧

      Delete
    2. ကြိုးစတွေဟာ
      အမှားယွင်းတစ်ခုလို
      ဖြတ်ပစ်ဖို့ကြိုးစားခံကြရတာ
      ဘာကြောင့်များပါလဲ ညိုပြာ

      Delete
  11. ကျန်းမာရေး ဂရုစိုက်ကြပါ။

    ReplyDelete
  12. ကဗျာဖတ်ပြီး ဘယ်လို feel မလဲ
    ခံစားချက်​တွေ ​သေသွားခဲ့တာ ကြာ​ပေါ့

    ReplyDelete
  13. လှူတဲ့သူကလှူ ကူတဲ့သူကကူ ကလစ်တဲ့သူက ကလစ် ဒါမှမြန်မြန်နိုင်မှာ

    ReplyDelete
  14. Click 💄💄💄🍍🍍🍍

    ReplyDelete
  15. With passion & perseverance, I click everyday.

    ReplyDelete
  16. အားတင်းထားပါတယ်နောက်ဆုံးတိုက်ပွဲမို့💪(moonshine)

    ReplyDelete
  17. မျှမျှတတ တွေးတောတက်ခြင်း..
    တရားမျှတမှုကိုဖစ်စေတယ်။

    ReplyDelete
  18. ဖန်တုံးထဲ ထည့်ထားတဲ့
    Lucky Leaf 🍀 ကို
    ဖန်တုံးထဲက ခွဲမှပဲ
    ယူလို့ရမယ် ထင်တယ်🤔

    ReplyDelete
    Replies
    1. တွေဝေမနေနဲ့ ခွဲချလိုက် me လည်းငယ် ငယ်ငယ် က ဖန်ဂေါ်လီ ထဲက ဟာလေးတေလိုချင်လို့ တူနဲ့ မရမက ထုတာ လက်နှစ်ချောင်း ကျပ်စည်းလိုက်ရတယ်🤣

      Delete
  19. အရမ်းကြိုက်တဲ့ကဗျာလေး ❤ဆယ်စုနှစ် 2 ခုတိုင်လည်း ခံစားချက်တွေမပြောင်းလဲသေးဘူး💙💙

    ReplyDelete
  20. We Click We Support We Win ✊✊✊✊

    ReplyDelete
  21. ကျွန်တော်တို့ဟာ အမှန်တရားအတွက် လွတ်လပ်မှုအတွက် ခိုင်မာတဲ့စိတ်ဓာတ်တွေနဲ့ မဆုတ်တမ်း တိုက်ပွဲဝင်ကြပါရမယ်။

    ReplyDelete
  22. ကဗျာကconnectionမိသလို
    မမိသလိုလ်ု ကောင်းသလိုလိုပဲ
    မီနဲနဲဉာဏ်မီလာပြီ☺️

    ReplyDelete
  23. စိမ်းမြ...သစ်ရွက်တို့ကြွေနေဆဲ
    ငါ့မျက်ရည်စိုနေတုန်းပေါ့...
    တချို့တွေ..နေနိုင်လွန်းတယ်....

    ReplyDelete
  24. ကဗျာတွေ အရမ်းဖတ်ချင်ပေမယ့် ဘာကိုပြောချင်လဲဆိုတာ နားမလည်လို့ 🥺

    ReplyDelete
  25. သံယောဇဉ်ဆိုတာ အရောဝင်လို့ မကောင်းတဲ့ ခွေးလေးပါ 😟 ခွေးချစ်တယ်လို့

    ReplyDelete
  26. ❤❤❤
    စိတ်အေးချမ်းသာရှိပါစေ
    ငါတို့နိုင်မှာ

    ReplyDelete
  27. mission အောင်ဖို့အရေး
    ဒို့အရေး

    ReplyDelete
  28. for just one day without any worries, for just one day without any concerns, to live, to live, to live.

    › 28

    ReplyDelete
  29. 22.2.2022
    We want justic.

    အရေးတော်ပုံအောင်ရမည်။
    မင်းအောင်လှိုင် မအေလိုး

    ReplyDelete
  30. ♥️💜💙🧡💛💪💪💪

    ReplyDelete
  31. 💕💕💕🌹🌹🌹💞💞💞

    ReplyDelete
  32. ကောင်းလိုက်တဲ့ကဗျာ၊ရင်ထဲကိုထိရှလိုက်တာ။
    We must win.

    ReplyDelete
  33. အရေးတော်ပုံ မုချအောင်ရမည်

    ReplyDelete

Post a Comment

Popular posts from this blog

Morning Greeting (Click 01)

Flowers (Click 03)

Morning Greeting (Click 01)