The Flaming Rhythm (Click 05)

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Clickers တို့ရေ... ၁၀ စက္ကန့်နေပြီးမှ ပြန်ထွက်ပေးပါနော။

အချိန် စ,မှတ်ပါပြီ။ 10

        "တာရာမင်းဝေ အမှတ်တရ စာစုများ" မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ မီးတောက်ရစ်သမ်က အပိုင်း (၇) ပိုင်းပါတဲ့ ကဗျာရှည်တစ်ပုဒ်ပါ။ တစ်ရက်ကို တစ်ပိုင်းစီ တင်ပေးသွားပါ့မယ်ခင်ဗျာ။

မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။

Comments

  1. တာမွေ မြယာကုန်းဘက်ရောက်ရင် ခါးကုန်းနေတဲ့ မြယာပင်အိုကြီးရှာရတာ. ဒါမဲ့ မြယာပင်ဆိုတာမမြင်ဖူးတော့ ဘယ်အပင်မှန်းမသိ.

    ReplyDelete
    Replies
    1. တကယ်ရှိမရှိမသိတဲ့ မြယာပင်ကြီးကိုစိတ်ကူးနဲ့မြင်ယောင်မိတာပဲ

      Delete
  2. Deep poem🌀 I don't understand but I feel the poem of sadness

    ReplyDelete

  3. ထူးဆန်းပါပေ့ မြန်မာပြည်
    ---------------------------------

    ကျောင်းသားတွေ ထောင်ကျ
    လယ်ယာသမားတွေ ထောင်ကျ
    စာကဗျာသမားတွေ ထောင်ကျ
    အလုပ်သမားတွေ ထောင်ကျ

    သေဒဏ်ကျသူက ကျ
    ရာထူးကျသူက ကျ
    သိက္ခာကျသူက ကျ

    အချို့က စာနာနေ
    အချို့က အဆာပြေ
    အချို့က အသာနေ
    အချို့က အနာကြေ
    အချို့က ခန္ဓာကြွေ

    မြန်မာပြည်မှာ တော်တော်ထူး
    ကုန်ဈေးနှုန်းတော့ မကျဘူး...


    San Zuren 🌸

    ReplyDelete
    Replies
    1. တကယ့်ကဗျာ

      ပြိုတော့မယ့်
      တိုက်အိုကြီးပေါ်မှာ
      မပြိုပါဘူး တွေးပြီးနေတာ
      ငါတို့အရည်အသွေးပေါ့
      ဘုရားပန်းလဲတယ်
      သောက်တော်ရေကပ်တယ်
      ဆွမ်းတော်တင်တယ်
      စိတ်ကိုချမ်းသာနေတာပဲ

      (သုခမိန်လှိုင်)

      Delete
    2. စိတ်ပျက်စရာ မြန်မှားပြည်🤧

      Delete
    3. အရမ်းမှန်တယ် ကိုယ့်နေရာအေးချမ်းနေတာနဲ့ပြီးနေရော ဂျင်းသမိုင်းပေါ့
      ခု ခွေးအိုတွေနေရာယူလာနေပြီ

      Delete
    4. ရာထူးခဏဖြုတ်ထားတာနော San ရေ

      Delete
    5. ကြိုက်မိ ခိုက်မိ သော စားသားကွယ်

      Delete
  4. ထိပ်ထားရယ်
    အီဂျစ်ပြက္ခဒိန်ထဲက
    မိုးတိန်တွေရွာမယ့်နေ့
    နင်နဲ့ငါပြန်လည်ဆုံတွေ့ကြရင်
    ဒီအကြောင်းတွေ
    ပြောပြချင်ပါသေးတယ်🍀

    ReplyDelete
    Replies
    1. ငါလည်းနင်နဲ့တွေ့ရင်ပြောပြချင်လိုက်တာ နင့်ကိုသတိရတယ် အသက်ရူနေသမျှသတိရနေတယ်လို့

      Delete
  5. "ငါက ဆပ်ပြာပူဖောင်းကို ခိုစီးပြီး

    မြင့်မိုရ်တောင်ကြီးနဲ့ တိုက်မိမှာ

    စိုးရိမ်ရှာသူ မဟုတ်ခဲ့...

    ဒါပေမယ့်

    လေပွေလမ်းကြောင်းများမှ

    တုန်ဝါဖျော့အေး

    'သစ္စာ' ကို ပဲ့တင်သံနဲ့ပဲ ပြန်ပေးနိုင်ခဲ့သူ..။

    ငါ့ကိုသတ်…. ငါ့ရင်ဘတ်ကိုထိုးခွဲဖောက်လှန်ကြည့်

    ငါ့လက်သီးထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ သုညတစ်လုံးပဲ ရှိလိမ့်မယ်...။ " 💔

    ReplyDelete
    Replies
    1. အသံမထွက်နိုင်ခဲ့ပေမယ့်
      စိတ်ထဲမှာ‌ကျယ်လှောင်စွာပဲ့တင်ထပ်နေတတ်မှန်း

      ကျွန်တော်သိခဲ့ရပါပြီ ညိုပြာ

      Delete
  6. Have a nice day ကိုယ့်လူတို့
    ကလစ် rate ပြန်တက်အောင်လုပ်ကြမယ်နော်
    အစစအရာရာဂရုစိုက်ကြပါဗျာ ✊

    ReplyDelete
    Replies
    1. ကိုယ်ယုံကြည်ရာ
      ပန်းတိုင်ဆီ ရောက်ဖို့

      တူတူ ရင်ဆိုင်
      ကျော်ဖြတ်ကြမယ်💪

      Delete
    2. ဟုတ်ကဲ့ T Lay ရေ
      Let's keep fighting 💪

      Delete
    3. အားလုံးကိုကျော်ဖြက်ရမယ် အားလုံးအတူတူ

      Delete
  7. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
    Replies
    1. ကယန်းက pdf လေးတွေ သေနတ်မရှိလဲ လောက်လေးခွနဲ့ ရှေ့တန်းထွက်ကြတဲ့ အကြောင်း ကြားပီးကတည်းက ဘယ်ကဗျာမှ မဖတ်တော့ဘူး။
      တနေကုန် click တယ်။ အိပ်မက်ထဲမှာတောင် မီးပွိုင့်တွေ ရှာလိုက်၊ လူကူးမျဉ်းကြားတွေ ရှာလိုက် အဆင့် ရောက်နေပီ။

      Delete
    2. အမကတော့ မင်မင်ဆီက Mission report မသိလိုက်ရဘဲ အိပ်လိုက်တဲ့ ညဆို တခါတလေ အိမ်မက်ထဲမှာ လိုင်းတက်ပြီး မစ်ရှင် အောင်မအောင် ရှာနေတာ 😅😅😅

      Delete
  8. ဘာဟင်းစားကြလဲ။ကိုယ်က ဂေါ်ဖီပွင့်ကြော်။

    ReplyDelete
    Replies
    1. စွပ်ပြုတ်သောက်လိုက်တယ်

      Delete
    2. ကြက်ဥကြော်

      Delete
  9. ရက်ကနေလ.........

    လကနေနှစ်.........

    တောထဲတောင်ထဲငါတို့အစားပင်ပန်းခံနေတဲ့ရဲဘော်တွေလဲ အတော်ပင်ပန်းနေလောက်ပြီ......

    Gen......L တွေတော့ ဖောင်းထုလို့ကောင်းတုန်း...........

    Clickersတွေအားလုံးတော့
    တောထဲက ရဲဘော်တွေပြီးရင် ချစ်စရာအကောင်းဆုံးတွေပါ..........

    ဘယ်သူဘာပြောပြော ငါတို့မျိုးဆက်ရဲ့သမိုင်းမရိုင်းစေရဘူး.......

    အရင်ကလဲကြိုးစားခဲ့တယ် ခုလဲ ကြိုးစားဆဲ့...........

    မအလလူပြည့်ကနေမထွက်ရမချင်းကြိုးစားမယ်............

    .............♥Htet..............

    ReplyDelete
  10. သားကြီးရေ ရှေ့ဆက်လျှောက်မယ့်ခရီးတွေမှာလဲ ငါတို့အတူတွန်းမှရွေ့မယ်အရာတွေရှိတယ်

    ရေမွန်

    ReplyDelete
  11. ပို့စ်နဲ့တော့မဆိုင်ပေမဲ့ တစ်ခုလောက်မေးချင်လို့ပါ
    ကိုယ့်ကိုကိုယ်*
    ကိုယ့်ကိုယ်ကို *ဘယ်ဟာက စာလုံးပေါင်းအမှန်လဲရှင့်

    ReplyDelete
    Replies
    1. အစက်တူတူပဲသိချင်

      Delete
    2. ကိုယ့်ကိုကိုယ်

      Delete
    3. ကျေးဇူးပါရှင့်

      Delete
    4. ဪ ရတီထင်တာ ဒုတိယတစ်ခုလားလို့ ကျေးဇူးတင်ပါတယ်ရှင့် မ@thinzar theint

      Delete
    5. ဝီကီမှာတော့ ကိုယ့်ကိုယ်ကိုယ် လို့တွေ့တယ်

      Delete
    6. စိတ်ဝင်စားလို့ ရှာဖတ်လိုက်တော့ အတော် နက်နဲ ရှုပ်ထွေးတယ်ဗျာ
      သိတယ်မလား မြန်မာစကားက အရင်ကတည်းက ရှုပ်တာ
      ကျနော်ကတော့ " ကိုယ့်ကိုကိုယ် " လို့ထင်ပြီး အဲလိုပဲ အမြဲရေးတာ

      Delete
    7. သင်ဇာပြောတာ အမှန်👌

      Delete
    8. နောက်မှ မြန်မာအဘိဓာန်ထဲရှာတော့မယ် ဖြေပေးတဲ့သူတွေကျေးဇူးအထူးပါလို့😍

      Delete
  12. ဒီတန်ခူးမှာ ပိတောက်ဖူးတွေအားလုံး ပွင့်လန်းစေချင်တယ်

    ReplyDelete
    Replies
    1. ရေများများ
      လောင်းပေးမှ
      ရမယ်။

      ရေများများ လောင်းနိုင်ဖို့

      များများကလစ်မှ ရမယ်💪

      Delete
  13. ချစ်သောမေမြရာ❤

    ReplyDelete
  14. ပိတောက်ပန်းတွေပွင့်တဲ့ရာသီမှာမွေးတဲ့သူတွေကအားလှကြတယ်
    ဥပမာ သမီးပေါ့နော်ဟဲဟဲ

    ReplyDelete
  15. ရှေ့ဆက်လျောက်မယ်(moonshine)

    ReplyDelete
  16. မီးတောက်ရစ်သမ်...
    Y2K ဝန်းကျင်ကလူငယ်တွေ အရမ်းကြွေကြတာပေါ့ ခုချိန်ပြန်ဖတ်ကြည့်တာ စကားလုံးရွေးချယ်မှုအရမ်းအားကောင်းတယ်လို့ခံစားမိတယ်
    ရုပ်ချောပြီး အနုပညာအားကောင်းတဲ့ဆရာ ငယ်ငယ်ရွယ်ရွယ်နဲ့ကြွေလွင့်ခဲ့တာနှမြောလိုက်တာ

    ReplyDelete
  17. တန်းတူညီတူလွတ်လပ်ခွင့်နဲ့..
    တရားမျှတတဲ့ နိင်ငံသစ်စီမျော်...

    ReplyDelete
  18. Doneဘေမကုန်ခင် click တစ်ဖြတ်ပြီး

    ReplyDelete
  19. ရင်ဘတ်ထဲ ဟာတာတာ ခံစားချက်ကြီးကွာ

    ReplyDelete
  20. ဘယ်လိုအခက်အခဲတွေဖြစ်ဖြစ်
    ​​ကျော်လွှားတဲ့နည်းရှိရမယ်ဆိုတဲ့ အတွေးဟာ
    လူသားတွေရဲ့စွမ်းအားကြီးပါပဲ။

    ReplyDelete
  21. လူတွေကပန်တွေပွင့်နေကြတာမဟုတ်ဘူး
    အာဏာရှင်ကို ဝိုင်းဖုတ်ချင်းနေတာ

    ReplyDelete
  22. 💕💕💕🌹🌹🌹💞💞💞

    ReplyDelete
  23. စစ်အာဏာရှင် ကျဆုံးဖို့
    နေ့တိုင်းကလစ်မယ်

    ReplyDelete
  24. မင်းပြေးနိုင်လား ​ပြေးနိုင်ရင် ပြေး

    မပြေးနိုင်ရင် လမ်းလျှောက်

    လမ်းမလျှာက်နိုင်ရင် တွားသွား

    အဓိက ကရွေ့နေဖို့ပဲ 💪💪💪💪💪💪

    ReplyDelete
  25. The Flaming Rhythm .. Thanks Admin.🌹🌹🌹

    ReplyDelete
  26. သမိုင်းတခတ် အကောင်းတဖန်ဖြစ်ရန်
    ဒေါင်းတမာန် များ
    ပျံသန်းမြိုင်မြိုင် ချီ။

    ReplyDelete
  27. ယုံကြည်ရာ ​ခြေတလှမ်းမှစ ​နောက်ထပ် ​ခြေလှမ်း​ပေါင်းများစွာ လှမ်းရင်း ​အောင်ပွဲဆီသို့ ​ရောက်​အောင်လှမ်းမည်

    ReplyDelete
  28. မ မန့်ဖြစ်တာကြာ နေလို့

    ReplyDelete
  29. ကျွန်တော်တို့ဟာ အမှန်တရားအတွက် လွတ်လပ်မှုအတွက် ခိုင်မာတဲ့စိတ်ဓာတ်တွေနဲ့ မဆုတ်တမ်း တိုက်ပွဲဝင်ကြပါရမယ်။

    ReplyDelete
  30. သူများတွေမှာ သာယာချက်
    ဘုရာဖူးတွေထွက်
    ကိုယ့်ကတော့ အိမ်မက် ထဲမှာ
    ဘုရား ဖူး သွားကြသူတွေ နဲ့ ရန်တွေဖြစ်😁

    ReplyDelete
  31. Be harmonized with revolution & raised your fighting rhythm for freedom.

    ReplyDelete
  32. အရေးတော်ပုံမုချ အောင်ရမည်။

    ReplyDelete
  33. 💛🧡💙💙💜♥️💪💪💪

    ReplyDelete
  34. ❣️❣️❣️❣️❣️❣️❣️

    ReplyDelete
  35. အရေးတော်ပုံ အောင်ရမည်။

    ReplyDelete
  36. စိတ်ပျော်လည်း Click
    စိတ်မပျော်လည်း Click
    Click လို့ရတုန်း Click

    ReplyDelete
  37. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  38. Replies
    1. May be yes

      May be No

      I am not sure

      Just kidding 😁

      I do really love all clickers ❤️

      Delete
  39. နက်ဖြန်လုပ်ကိုလုပ်နိုင်ရမယ်လုပ်သင့်တာကို

    ReplyDelete
  40. We will fight till the end 💪🏽.
    We must win!

    ReplyDelete

Post a Comment

Popular posts from this blog

Morning Greeting (Click 01)

Flowers (Click 03)

Morning Greeting (Click 01)