Clone Wars Quotes (Click 04)

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Clickers တို့ရေ... ၁၀ စက္ကန့်နေပြီးမှ ပြန်ထွက်ပေးပါနော။

အချိန် စ,မှတ်ပါပြီ။ 10

"ကိုယ့်ကိုကိုယ် ယုံကြည်ပါ၊ မဟုတ်လို့ကတော့ ဘယ်သူကမှ ယုံကြည်ပေးမှာ မဟုတ်ပါဘူး။"

        ဒါလေးကတော့ ကျွန်တော် အရင်ကလည်း တင်ပေးဖူးပါတယ်။ ဒါပေမယ့် အဲ့တုန်းက ဘာမှရှင်းပြတာ ဘာညာ မရှိဘဲ ပုံချည်းပဲ တင်ဖြစ်ခဲ့တာပါ။ Star Wars ရဲ့ Clone Wars ဆိုတဲ့ Series ကို ကြည့်မယ်ဆိုရင် Intro တိုင်းမှာ John William ရဲ့ Star Wars Theme Song နဲ့အတူ သက်ဆိုင်ရာ ဇာတ်လမ်းပိုင်းနဲ့ ဆိုင်တဲ့ အပေါ်ကလို Quotes ကလေးတွေကို တွေ့ရမှာပါ။

        ဒီ Series မှာ Season 7 ခုနဲ့ Episodes ပေါင်း 133 ပိုင်း ပါပါတယ်။ တစ်ပိုင်းကို ပျမ်းမျှ 22 မိနစ်ဝန်းကျင် ရှိပါတယ်။ ဒီတော့... "Star Wars ကို စိတ်ဝင်စားတယ်၊ ပြည့်ပြည့်စုံစုံ မကြည့်ဖူးသေးဘူး၊ ကြည့်ဖို့လည်း စိတ်ဝင်စားတယ်" ဆိုတဲ့သူတွေကိုပဲ ညွှန်းပါတယ်ခင်ဗျာ။

မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။

Comments

  1. `` Money ''

    -Money that all human beings love..
    everyone loves money, but only the human world can use it.

    -Money that can only be used in the human world, but money that people are already earning their lives , life is already earning full of money, but not everything can be solved with money.

    -Everything cannot be solved with money, but when there is no money, humble in a secular society, In society, money is the key to success, but money alone cannot solve everything.

    -Money does not solve everything but some people ruin their lives because they do not have money,some people ruin their lives because of money.

    -Is the puzzle of money amazing? If you are surprised, do not read on. I write to lazy����

    Have you ever had problems with money? Have you ever been sad about money? Too complicated ``money ''

    ............❤Htet.........

    -

    ReplyDelete
    Replies
    1. ထက်ထက်က english စာတော်တော်ကောင်းတယ်နော်။လေးစားပါတယ် ညီမလေးရေ။

      Delete
  2. I believe myself

    Till the end
    Fighting together 💪

    ReplyDelete
  3. 😘"ကိုယ့်ကိုကိုယ် ယုံကြည်ပါ၊ မဟုတ်လို့ကတော့ ဘယ်သူကမှ ယုံကြည်ပေးမှာ မဟုတ်ပါဘူး။"👍

    ReplyDelete
  4. I do believe
    I do support
    I’m a clicker
    🤍🕊

    ReplyDelete
  5. Yes, we have to believe in ourselves. 💪
    And we have to click everyday. 😉✊

    ReplyDelete
  6. I do believe, I won’t ever stop clicking 🤍

    ReplyDelete
  7. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  8. ဟုတ်တယ် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့လိုတယ်
    ကိုယ့်ကိုကိုယ်မှ မယုံရင် ဘယ်သူက ကိုယ့်ကို ယုံ​တော့မှာလဲ

    ReplyDelete
  9. I belive myself
    ဒို့ရင်ဆိုင်မယ် အချစ်အတွက်
    I belive .. 🎼🎼

    ဆိုကြည့်တာ 😄

    ReplyDelete
  10. Clone နဲ့ပတ်သတ်ပြီးရုပ်ရှင်ကားလေးတကားကြည့်ဖူးတယ် ဝမ်းနည်းစရာလေး
    လူတွေအတွက် ကလုံးတွေလုပ်ထားပြီးတော့ ကိုယ်မကျန်းမာတဲ့အခါ (သို့) ခန္ဓာကိုယ်အစိတ်အပိုင်းလဲလှယ်ချင်တဲ့အခါ သူတို့ဆီကယူဖို့ပေါ့ clone တွေဘက်ကရိုက်ထားတဲ့ကားလေး 😥

    ReplyDelete
  11. Good morning, C2D from the Taninsarem!

    ReplyDelete
  12. သေချာ
    Be Adult ရမယ်😐✨

    ReplyDelete
  13. လေးခွနဲ့စခဲ့တာ
    လောင်ချာရောက်ခဲ့ပြီ
    ဘာကိုစိတ်ဓာတ်ကျမှာလဲ
    ငါတို့မှာ ငါတို့ရှိတယ် 💪🏽💪🏽💪🏽

    ReplyDelete
  14. This comment has been removed by the author.

    ReplyDelete
  15. This comment has been removed by the author.

    ReplyDelete
  16. နေဝင်ညကို ကူးဖြတ်ရဲမှ

    ရောင်နီသာတဲ့ နေ့သစ်ကိုရောက်မယ်

    ✊✊✊

    ReplyDelete
  17. Replies
    1. 😁😁 ရိုက်လိုက်ပါဦး

      Delete
  18. ငယ်တုန်းက ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိခဲ့ဘူး တစ်ခုခုဆို မိဘအသိုင်းအဝိုင်းက အပျက်တွေပဲ အရင်ပြောကြတာ
    အခု ကိုယ့်သားလေးတွေ အလှည့်ကျတော့ ဘာကိစ္စဖြစ်ဖြစ် I know you can do it. You are smart, I know. စသဖြင့် သူတို့လေးတွေကိုယ့်ကိုကိုယ်ယုံကြည်မှုတက်စေဖို့ အားပေးတယ် ဖေးမတယ်

    ReplyDelete
  19. မန်းလေးမှာ NLD အမာခံထောက်ခံသူတွေကို စောက်သွေးသောက်ဆ်ုတဲ့အဖွဲ့က လိုက်သတ်နေတာ စိတ်တော်တော်တိုနေပီစောစောစီးစီး

    ReplyDelete
    Replies
    1. 😢😢😢 မအလ အာဏာရူးလို့ အခုလိုဖြစ်ရတာ အပြစ်မဲ့ပြည်သူတွေဒုက္ခရောက်ရတာ

      Delete
  20. နှိပ်ပြီးပါပြီ....

    ReplyDelete
  21. ဟုတယ်ကိုယ့်ဘာကိုမှမယုံကြည်ယင်ဘယ်သူလာယုံမလဲ🕊

    ReplyDelete

  22. နိုင်ငံရေးသင်ခန်းစာ
    -----------------------------

    မလုပ်တော့လည်း မလုပ်လို့ အဆဲခံရ

    လုပ်တော့လည်း တလွဲလုပ်လို့ဆိုပြီး
    အကြိမ်းအမောင်းခံရတယ်

    ဘာဖြစ်ဖြစ် အလုပ်လုပ်လို့
    အကြိမ်းအမောင်းခံရတာ တန်ပါတယ်

    အလုပ်လုပ်သူမှာ ပြသနာရှိနေမှာပဲ
    ပြသနာဖြစ်ရင် ဝိုင်းရှင်းကြတာပေါ့

    အလုပ်လုပ်သူမှာ အမှားဆိုတာရှိမှာပဲ
    စိတ်ဓာတ်မှန်နေဖို့ပဲ လိုပါတယ်လေ


    San Zuren 🌸

    ReplyDelete
    Replies
    1. ဟုကဲ့Sanအမှန်ကန်ဆုံးဖစ်အောင်ကြိုးစားကလစ်ပါ့မယ်နော်

      Delete
    2. I don't know what kind of hardships you've gone through,
      But I'm sure, you took those traumatic bullshit, heal in silence and coming back as you used to be, may be even stronger. Making mistakes is better than faking perfection anyway.
      Welcome back! It's nice to see your comments.

      Delete
    3. စကားမပြောဖြစ်တာကြာပြီနော်စံလေးရေ နေကောင်းရဲ့လား သတိရနေတယ် 🥰

      Delete
  23. With passion & perseverance, I click every day.

    ReplyDelete
  24. ညီညွှတ်ခြင်းရဲ့အောင်မြင်မှုကို ပြကြရအောင် ညီကိုတို့...
    မိမိသူငယ်ချင်းတွေကိုလည်း အချင်းချင်း လက်တို့လိုက်ကြရအောင် ...
    အာဏာရူးတို့ ‌ကျရှုံးခြင်း ဆုံးခမ်းတိုင်အောင် မပြီးမခြင်း လက်တွဲ မဖြုတ် အားထုတ်ခါ ပြ....

    ReplyDelete
  25. 🌹♥️💓💓💙🥰💪💪💪

    ReplyDelete
  26. We will fight till the end 💪🏽.
    We must win!

    ReplyDelete
  27. ၃၂ဘုံ
    .......
    ချစ်သား.. မောင်သန်း

    ငါကိုယ်တော်မြတ်
    တိရိစ္ဆာန်ထဲက...
    ဒေါသခက်ထန် ခိုက်ရန်ဖြစ်ဖို့ဝန်မလေးတဲ့
    နန္ဒောပနန္ဒ မြွေနဂါးကိုလည်း အောင်ခဲ့တယ်

    မူးရူးမိုက်မှား လမ်းလယ်မှာ
    အစွယ်တကားကားနဲ့ပြေးလာတဲ့
    နာဠာဂီရီဆိုတဲ့ဆင်ကိုလည်း အောင်ခဲ့တယ်

    လူထဲက..
    ဘာမသိညာမသိ ဟဝှာရှိပါတယ်လို့ စွပ်စွဲတဲ့
    ဇိဥ္စမာဏဝိကာကိုလည်း အောင်ခဲ့တယ်

    မုန်းစိတ်အခြေခံ သုံးကြိမ်တောင်အသေကြံတဲ့
    ဒေဝဒတ္တကိုလည်း အောင်ခဲ့တယ်

    တထောင်လက်ညှိုး သီကာကုံးလို့
    ဘီလူးတမျှ သတ်ဖြတ်ရန်ရှာ ကြမ်းတမ်းပါဘိ
    အင်္ဂုလိလည်း အောင်ခဲ့တယ်

    တွေ့သမျှဘက်ကန် လက်လန်အောင်အငြင်းသန်တဲ့
    သစ္စကကိုလည်း အောင်ခဲ့တယ်

    လူမကနတ်မကျ ညောင်ပင်ပိုင်စိုး တန်ခိုးအမျိုးမျိုးနဲ့
    ဒေါသလျှံမီးတငြီးငြီးတောက်လောင်နေတဲ့
    အာဠာဝကဆိုတဲ့ ဘီလူးကိုလည်း အောင်ခဲ့တယ်

    ရည်မှန်းစိတ်သန် ဗောဓိဉာဏ်ကို ဝေဝါးရှုပ်ထွေး လမ်းကြောင်းသွေအောင်
    ဉာဏ်နီနက်နဲ့ စဥ်မြဲကြံဆောင် မာန်နတ်ဆိုတဲ့ကောင်ကိုလည်း အောင်ခဲ့တယ်

    ငါသာလျှင်သိ ငါအရှိလို့
    အစဥ်တွေးတော ငါ့သဘောလို့ စဥ်မြဲကြံဆ
    ဗကဆိုတဲ့ ဗြဟ္မာကိုလည်း အောင်ခဲ့တယ်

    ချစ်သား...မောင်သန်း

    ဘဝအနန္တ စကြာဝဠာမကျန်
    စီးတားပိတ်လှောင် အမှောင်မရှိ
    ပကတိမျှ ထင်ရှားမြင်သိ ဝေဖန်ကြည့်ခဲ့
    တသိန်းကမ္ဘာ အသင်္ချေလေးခု အစုစုသော နုရင့်ဘဝစုံ
    ဒီလို..ယုတ်မာပက်စက် သင်ပြခက်တဲ့ သတ္တဝါမျိုး မတွေ့ခဲ့ရိုးအမှန်
    ၃၁ဘုံနောက် အ၀ီစိအောက်မှာ နောက်တဘုံမြောက်ရှိလေသလော...

    ခုမှလာဖြစ် ဒီမင်းညစ်က
    ဘယ်ချောင်ကပေါက် ရောက်ချလာလဲ
    ချစ်သားကသိ အဖြေရှိရင်
    မန်းရှင်း (mention)ခေါ်လှည့် ငါ့အတွက်

    သန်းထွန်းလေး □ အင်းတဲရွာ
    koloneypoe.blogspot.com

    ReplyDelete
  28. မုန်တိုင်းထဲက ခြေလှမ်းများ ဘယ်လို အခက်အခဲများ ကြုံတွေ့ပါစေ

    အို . . . အတားအဆီးတွေ ကျော်ဖြတ်လို့

    လာပါအတူလျောက်စို့ ဒီခရီးကို

    ReplyDelete
  29. ဘဝမှာ ဘာမှမပိုင်ဆိုင်ခဲ့ဘူး
    ဘာမှမပိုင်ဆိုင်ခဲ့တဲ့ကြားက
    မင်းကိုလည်းဆုံရှုံးဖြစ်အောင်ဆုံးရှုံးလိုက်သေး။
    - ကောက်ကွေ့-

    ReplyDelete
  30. 💕💕💕🌹🌹🌹💞💞💞

    ReplyDelete
  31. 👨🏻‍💻👨🏻‍💻👨🏻‍💻👨🏻‍💻

    ReplyDelete
  32. This comment has been removed by the author.

    ReplyDelete
  33. ‌ဒေါသတော်တော်ထွက်တယ်ဗျာ...
    KNDF ရဲဘော် မောင်ရစ်ချက်ထူး တိုက်ပွဲမှာကျသွားတဲ့ ဗွီဒီယို ဖိုင်ကြည့်ရတယ်. အသက်က ငယ်ငယ်‌လေးပဲရှိသေးတယ်ဗျာ
    အဲတော့ သောက်ရှက်မရှိ စောက်တပ်ထုတ်ကုန်နဲ့ စီးပွားရှာနေတဲ့ နွားတွေကို တော်တော်စိတ်နာမိတယ်

    ReplyDelete
  34. ကလစ်ရတာပျော်ပျော်လာပြီ😁

    ReplyDelete

Post a Comment

Popular posts from this blog

Morning Greeting (Click 01)

Flowers (Click 03)

Morning Greeting (Click 01)