နိုင်ငံတော်သီချင်း - အောင်ခင်မြင့် (Click 05)

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Clickers တို့ရေ... ၁၀ စက္ကန့်နေပြီးမှ ပြန်ထွက်ပေးပါနော။

အချိန် စ,မှတ်ပါပြီ။ 10

    ကျွန်တော် ကဗျာကဏ္ဍလေးမှာ ဆရာအောင်ခင်မြင့်ရဲ့ "နိုင်ငံတော်သီချင်း" ကဗျာစီးရီးလေးကိုလည်း ထည့်ထားချင်စိတ် ဖြစ်မိလို့ပါခင်ဗျာ။ ဒီကဗျာလေးမှာ အပုဒ်ပေါင်း ၅၀ ပါပါတယ်။ ဆိုတော့... ကဗျာလေးတွေကို အလျဉ်းသင့်သလိုသာ ဖော်ပြသွားပါ့မယ်။ အကယ်လို့ အလုံးစုံ ဖတ်ရှုချင်တယ် ဆိုရင်တော့ ကျော်မွှေးစာပေမှ ထုတ်ဝေထားတဲ့ ဆရာ့ရဲ့  စာအုပ်လေးမှာ ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။ သို့ပေကာသိ ဒီကဗျာစီးရီးလေးကို မဖတ်ဖြစ်ခင် ဆရာ့ရဲ့ ခြေဆင်းလေးကိုတော့ ဖတ်သင့်တယ်လို့ မှတ်ယူတဲ့အတွက်ကြောင့် သူနဲ့ပဲ အစပြုလိုက်ပါတယ်ခင်ဗျာ။

နိုင်ငံတော်သီချင်း ခြေဆင်း

ကျောင်းတက်ခေါင်းလောင်း ထိုးပြီ။ ငါတို့အားလုံး ရင်ဘတ်များကို ကော့ပြီး နိုင်ငံတော်သီချင်းကို စတင်သီကျူးလိုက်ကြတယ်။

သမိုင်းဟာ မှောင်တယ်။

၈၈ အရေးအချင်းကြီးကို ငါတို့ ကြုံလိုက်တယ်။ မီးလောင်နေတဲ့ လူတွေနဲ့ ခေါင်းပြတ်ကြီးတွေကလည်း တွေ့ဖန်များတော့ ရိုးသွားတာပဲ။ တီဗီမှာ စတားစကီးနဲ့ ဟတ်ချ်စီးရီး ပြနေတုန်း။ ညစဉ် မင်းကွန်းဆရာတော်ကြီးရဲ့ မေတ္တာပို့ကို ကြားရတယ်။ ဆရာတော်ကြီးက အရှေ့အရပ်၌ရှိသော ဆိုတဲ့အချိန်မှာ အနောက်အရပ်မှာ သေနတ်သံတွေ ကြားရတယ်။ ‘နဖူးပြောင်ပြောင် ရူးကြောင်ကြောင် ဦးမောင်မောင်ကို အရူးထောင်ပို့လိုက်’ လို့ ငါ့ညီအငယ်ဆုံးလေးက အော်တယ်။ အဲဒီအချိန်က သူ့ရဲ့ ပိုးစားထားတဲ့ သွားတွေတောင် အကုန်ပြန်မပေါက်သေးဘူး။ အာဏာသိမ်းလိုက်တဲ့ ညမှာ အမေက ဆီးခဏခဏသွားတယ်။

ပြတင်းပေါက်ကနေ ရပ်ကြည့်နေတဲ့ လူဝီ ၁၄ ဘုရင်ကြီးကို ငါတို့ လက်ခလယ်ထောင်ပြခဲ့တယ်။

၉၀ ပြည့်နှစ်များရောက်တော့ ငါ ဆေးကျောင်းတက်တယ်။ ရည်းစားစထားတယ်။ လပ်ကီးစထရိုက် ဆေးလိပ်ဘူးကို ဂျင်းဘောင်းဘီနောက်အိပ်ထဲ ထည့်ထည့်ထားလို့ ဆေးလိပ်တွေက သောက်တဲ့အချိန်ဆို ပြားနေတယ်။

ကားမှန်တွေကို စတေကာကပ်တဲ့ခေတ်/ ကားထဲမှာ စော်ကစ်တဲ့ခေတ်။ ငါတို့ဟာ အမှောင်ထဲမှာ ပိုးစုန်းကြူးများပမာ ပျံဝဲနေခဲ့ပါတယ်။

ဂိုယာရဲ့ Black Paintings တွေထဲက အမှောင်မိုက်ဆုံးကတော့ သူ့သားသူ ပြန်စားနေတဲ့ စေတန် (Saturn Devouring His Son) ဆိုတဲ့ လက်ရာပဲ။ အဲဒီမှာတွေ့ရတဲ့ အနိဌာရုံရဲ့ ကဗျာဗေဒ (The Poetics of Horror) နဲ့ အခု ဒီကဗျာစီးရီးကို ငါ ရေးတယ်။ တကယ်က နတ်မိစ္ဆာတစ်ပါးဟာ ညစဉ် ငါ့ခေါင်းထဲကနေ နှုတ်တိုက်ချပေးခဲ့တာ ငါက အလွယ်တကူ လိုက်ကူးရုံမျှ။

ဒီဘက်ခေတ်ရောက်တဲ့အထိ Slayer ရဲ့ အော်သံများ ငါတို့ခေါင်းထဲက မထွက်။ အခုတော့ မီးပွိုင့်တွေမှာ အလံတော်လေးတွေ လိုက်ရောင်းနေတယ်။

ငါ့ကဗျာဟာ မှောင်မိုက်တယ်။ ကဗျာတစ်ပိုဒ်ချင်းဟာ  ထောင်အခန်း တစ်ခုစီပမာ။ မတ္ထာဖာတွေကိုလည်း ညှဉ်းပန်းနှိပ်စက်တဲ့ ကိရိယာများလို ငါ သုံးခဲ့တယ်။

သမိုင်းနဲ့ မှတ်ဉာဏ်ဟာ လိင်ဆက်ဆံနေကြ။ အမှောင်ထဲမှာ ညည်းညူသံများ၊ ရယ်သံများ၊ ငိုသံများ။

နိုင်ငံတော်သီချင်းဟာ ဟိုအဝေးမှာ မသဲမကွဲ။

အောင်ခင်မြင့်  

ဆရာအောင်ခင်မြင့်၏ နိုင်ငံတော်သီချင်း ကဗျာစာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။

Comments

  1. နောက်ဆုံးတိုက်ပွဲ

    ဒီပွဲဟာ ငါတို့အောင်ပွဲ
    ငါတို့ ကူညီ ၊ ငါတို့ လူညီ၊ ငါတို့ တူညီစွာတိုက်ရမယ့်ပွဲ
    ဒါနောက်ဆုံးတိုက်ပွဲပဲ 💪💪

    ReplyDelete
    Replies
    1. Fighting together until the end

      Delete
    2. ဖယ်ဒရယ်ဒီမိုကရေစီအရေးတော်ပုံ အောင်ရမည်

      Delete
    3. ခုတလော မန့်ကလဲ ရေးမရတာကများတယ် ၊ဂူဂူ ရက်စက်တယ်၊ ဂူဂူ လူဇိုး😏😏😏😏😏

      Delete
  2. ..Did you know that in this world.......
    people have their own problems....

    Life with each problems.......

    The difficulties are individual.......

    The benefits of life are not the same.......

    Don't confuse everything with your mind and it will be confusing.........

    Life is uncertain,A life of running like a tortoise, If you can not help it, let it go

    ...........❤Htet...........

    ReplyDelete
  3. Till the end
    Fighting together 💪

    ReplyDelete
  4. မင်မင်တင်ပေးတာကိုလဲစောင်နေပါ့မယ်
    စာအုပ်လဲဖတ်မယ်💙💙
    "သမိုင်းဟာ မှောင်တယ်"

    ReplyDelete
  5. ကျွန်တော် အခက်ခဲတွေ ကြားကလစ်နေတာပါ အားလုံးပါဝင်ပြီး မန်းရှင်း တွေပြန်တင်မယ်

    ReplyDelete
  6. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
    Replies
    1. တလရကြီး အောင်ပြီးရင်တော့
      Marlboro ရဲ့ with marijuana လေးနဲ့ လွင့်မယ် :)

      Delete
  7. သမိုင်းနဲ့ မှတ်ဉာဏ်ဟာ လိင်ဆက်ဆံနေကြ။ အမှောင်ထဲမှာ ညည်းညူသံများ၊ ရယ်သံများ၊ ငိုသံများ။

    နိုင်ငံတော်သီချင်းဟာ ဟိုအဝေးမှာ မသဲမကွဲ။

    ReplyDelete
  8. ဖိုက်တင်း 🌿🕊

    ReplyDelete
  9. ဆရာ့ပရိတ်သတ် ကလစ်ကာတွေအတွက် 🖤

    ReplyDelete

  10. လက်နက်ကြီးသံ တညံညံ
    ချောင်းရေက တညီးညီး
    အာဏာမီးက တပြည်လုံး
    ဟည်းတော့
    ပြည်သူတွေလည်း ဝဋ် ကြီးကြီး
    တော်လှန်မီးက မပြီးမစီး

    ReplyDelete
  11. ကဗျာခြေဆင်း ဖတ်ရင်းတောင်တော်တော်မွန်းကြပ်တယ်..ကျီးကန်းကြောင့်ပိုမှောင်...
    ဘာကြောင့်မှန်းမသိ ကျီးကန်းကိုမကောင်းဆိုးရွားလို့ပုံဖေါ်တဲ့ မိစ္ဆာကားတွေကြည့်တာများခဲ့လို့လားမသိ..

    ReplyDelete
    Replies
    1. "မတ္ထာဖာ" ဘာကိုဆိုလိုချင်တာလည်းမသိ..

      Delete
    2. metaphor (အလင်္ကာ) ကို ဆိုလိုတာပါ

      Delete
    3. ကျေးဇူးပါနော်..ပါဌိစကားလုံးထင်နေလို့.

      Delete
  12. ငါကဗျာဟာ မောင်မိုက်တယ်
    ကဗျာတစ်ပိုဒ်ချင်းက ထောင်အခန်း တစ်ခုစီပမာ

    ReplyDelete
  13. ဒီနေ့မှ မန့်ဝင်မန့်ဖြစ်တယ်

    ReplyDelete
  14. အလုပ်ရှုပ်လို့ မင်း ဆင်​ခြေ​ပေးမှာလား
    တချို့လူ​တွေ ​ရင်းထားတာ အသက်​တွေများ
    လက်ပိုက်ပြီး ကြည့်မ​နေနဲ့
    မင်းစိတ်က ​သွေးမ​အေးရင်
    ငါ့ကို သက်​သေပြ ​. . . ဟ!
    မတရား​သော စစ် ရပ်ပစ်မယ့် clickers
    လက်ညှိုး တစ်​ချောင်းထဲနဲ့ ရင်ဝကို ပစ်မှာ
    ​နောက်တန်းက​နေ မိုးထိ ပစ်မယ့် မြှားးး
    လွတ်လပ်ခွင့်​တွေ အားလုံး ငါတို့ ပြန်သိမ်းမှာ
    Write down a note that we are CLICKERS

    ReplyDelete
  15. ရှာနေ ငါကြိုက်တဲ့ကဗျာတွေ၊📝 တိမ်မိုးသားအပြာတွေ☁️ သံစဉ်နဲ့သီချင်းတွေ၊🎼

    ReplyDelete
  16. ❣️♥️💓💙💪💪💪

    ReplyDelete
  17. Don't be complacent.
    Don't lose sight of your goal.

    ရောင့်ရဲ ကျေနပ်မနေနဲ့။
    ပန်းတိုင်ကို မျက်ခြည်မပြတ်စေနဲ့။

    ReplyDelete
  18. I Like it..Thanks Admin.
    Fighting Together With All
    Clickers Till The End.

    ReplyDelete
  19. တစ်နေ့မှာ အရာရာအောင်မြင်ပီး

    ရောင်နီတွေ လင်းချိန်

    တကယ်ပဲ သင်တို့ လိပ်ပြာ

    လုံနိုင်မှာလား

    ReplyDelete
  20. အမှောင်ထဲမှာ ညည်းညူသံများ၊ ရယ်သံများ၊ ငိုသံများ 😔😔😔

    ReplyDelete
  21. This comment has been removed by the author.

    ReplyDelete
  22. ထိထိမိမိ ကဗျာလေးတစ်ပုဒ်

    ReplyDelete
  23. ကဗျာခြေဆင်းတခုလုံးက မှောင်နေ🌚
    ရေးတဲ့ကဗျာဆရာက မှောင်တာလား
    မီမှောင်တာလား ပဲ နိုက်စ်🤨

    ReplyDelete
    Replies
    1. gonna be fine ...
      That time will pass
      Why is so T T😀

      Delete
  24. With passion & perseverance, I click every day.

    ReplyDelete
    Replies
    1. အပုဒ်၅၀ဆို တဝကြီးဖတ်ရမှာ။ အရမ်းကောင်းတယ်။

      Delete
  25. ❤❤❤
    အချို့တွေက ခုထိစမ်းတဝါးဝါးဖြစ်နေကြတုန်း အဖြူအမဲ တောင်သေချာမသိတဲ့သူတွေကိုထူးပြီးလည်းမအံသြချင်တော့ဘူးခုထိမျက်လုံးတွေကန်းပြီးမှောင်မိုက်နေကြတုန်း အရေးကြီးတာကငါမရပ်ဖို့ပဲ
    ငါတို့နိုင်မှာ

    ReplyDelete
    Replies
    1. ❤❤❤
      သူငယ်ချင်းလေးနေသွေးသျှံအတွက်အမှတ်တရလေးမန့်ခဲ့တယ်ကွာ နေ့တိုင်း တူတူကလစ်ကြတာပေါ့
      ငါတို့နိုင်မှာ

      Delete
  26. သြော်
    ကဗျာလေးကို ခုမှ ဖတ်မိတယ်
    ၈၈ က အကြောင်းလေးတွေ
    ရေးထားတာပဲ။

    ReplyDelete
  27. အခုထိတချုိ.​တွေကအမှားအမှန်သိ​ပေမဲ.ယုန်က​လေးနှာ​စေးနေတုန်း

    ReplyDelete
  28. We will fight till the end 💪🏽.
    We must win!

    ReplyDelete
  29. ကျနော့အတွက်တော့ သိပ်ပြီးမျှော်လင့်စရာ သိပ်မရှိတော့ပေမဲ့ သားလေး ရဲ့ ဘဝအနာဂတ်အတွက် မA Lo တွေကို တိုက်ထုတ်နေတယ်။

    ReplyDelete
  30. အားလုံး မင်္ဂလာပါ။

    ReplyDelete
  31. ကိုယ်တစ်ယောက်ထဲလို့ မထင်ပါနဲ့

    လူတိုင်းမှာ ဝါသနာရှိတယ်
    လူတိုင်းမှာ ခံစားချက်ရှိတယ်
    လူတိုင်းမှာ မိသားစုရှိတယ်
    လူတိုင်းမှာ စားဝတ်နေရေးရှိတယ်
    လူတိုင်းမှာ ရှေ့ရေးအနာဂတ်ရှိတယ်
    လူတိုင်းမှာ ပျော်ရွှင်မှုလိုလားတယ်
    လူတိုင်းမှာ သာယာမှုရချင်တယ်
    လူတိုင်းမှာ ဒုက္ခတွေကိုမလိုလားဘူး
    လူတိုင်းမှာ လွတ်လပ်မှုကိုတောင့်တတယ်
    လူတိုင်းမှာ အလုပ်အကိုင်တည်မြဲချင်တယ်
    လူတိုင်းမှာ စီးပွားရေးရှိတယ်
    လူတိုင်းမှာ တိုးတက်ကြီးပွားလိုစိတ်ရှိတယ်
    လူတိုင်းမှာ အခွင့်အရေးရှိတယ်

    လူတိုင်းမှာ ရှိကြတာချင်း တူတာများတယ်
    လူတိုင်းမှာ ရချင်တာချင်း တူတာများတယ်
    လူတိုင်းမှာ ဖြစ်ချင်တာချင်း တူတာများတယ်

    ဒါပေမယ့်
    လူတိုင်းမှာ မတူတာကတော့
    ကိုယ်ချင်းစာတရား
    စာနာတရား
    မတ်ေတာ တရားပါပဲ။
    (ဆရာကြီး Aung Aung အားလေးစားစွာ Crd ပေးပါတယ်ဗျာ)

    ReplyDelete
  32. Click လုပ်ခွင့်ရတဲ့အတွက်
    ကျေးဇူးတင်ပါတယ်ခင်ဗျာ။

    ReplyDelete
  33. မိုးအေအေးနဲ့ကလစ်လို့ good နေရော

    ReplyDelete
  34. သောကငြိမ်းကြပါစေ

    ReplyDelete
  35. မဂ်လာညချမ်းပါ

    ReplyDelete
  36. ဘာမှမရေးချင်ဘူး

    ReplyDelete
  37. We click, we fight and we win.

    ReplyDelete
  38. We are clicker for supporting our revolution.

    ReplyDelete
  39. What ever we are facing in this revolution & finally we must be win.

    ReplyDelete
  40. ပြောင်းဝက ကျည်ဆံ မှာသာသနာ တည်ရိုး မှန်ရင်ပိဋကတ်သုံးပုံအစားဘုရား က သေနတ်တွေထားခဲ့မှာပေါ့....ဗုဒ္ဓ ရဲ့ခြေသံမှာယမ်းနံ့တွေမပါတာကိုတော့ကျုပ် သစ္စာဆိုဝံ့တယ်......အလှည့်ကျမှ တရားနဲ့ဖြေပါလို လာမပြောနဲ့ငါ့တို့ အံကြိတ်ထားတဲ့ လက်သီးဆုပ်တွေကို ဘယ်တော့မှ ငါတို့ မဖြေဘူး .....ရိက္ခာ တွေ မစုံပေမယ့်သိက္ခာ တွေပုံထားတဲ့ ဒီပွဲမှာငါ တို့ လုံးဝ နိုင်ကို နိုင်ရမယ်.......Credit-မူရင်း

    ReplyDelete
  41. Click done.... click ပေးကျတဲ့တယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ...

    ReplyDelete
  42. 👨🏻‍💻👨🏻‍💻👨🏻‍💻👨🏻‍💻👨🏻‍💻

    ReplyDelete
  43. Weather ka aye tal. nway nway htway htway nay kya par..

    ReplyDelete
  44. This comment has been removed by the author.

    ReplyDelete
  45. PC နဲ့ ကလစ်နေတာ ဗွီဒီယိုကြော်ငြာ‌တွေ မ‌ေတွ့လို့ ရောင်းတဲ့ပစ္စည်းတွေပဲ တွေ့တယ်။ PCမှာက အဲလိုပဲလား။

    ReplyDelete
  46. ဖိုက်တင်းးးးးး🕊

    ReplyDelete
  47. ဆက်ပြီး တိုက်ပွဲဝင်ကြစို့

    ReplyDelete
  48. Have a sweet dream all clickers
    💕💕💕

    ReplyDelete
  49. အမှန်တရားအတွက်ကာကွယ်
    အမှားယွင်းတွေကိုတိုက်ခိုက်ကြတဲ့အခါ မင်းအသက်နဲ့ဘ၀ကိုစွန့်လွှတ်ထားနိုင်မှ.........

    ReplyDelete
  50. အားလုံး ကို လေးစားလျက်

    ReplyDelete
  51. Click done ...All the clickers thank

    ReplyDelete
  52. It's one of our favorite places to relax.

    ReplyDelete
  53. I love 💗 you more 💕 than I can say😙

    ReplyDelete
  54. Click လုပ်ပေးတဲ့အတွက်
    ကျေးဇူးတင်ပါတယ်ခင်ဗျာ။

    ReplyDelete
  55. ဘောကြား ဘောပင်ရေ မင်းကိုလွမ်းလို့မဟုတ်ဘူး ခုံပေါ်တက်ပြီ အချိန်ပိုကြေး မပေးနိုင်တဲ့ နေ့တွေ
    စာသင်ချိန် နှစ်ဝက်လောက်မှ ရတဲ့
    ကွန်ပါဗူးတွေ ဖိရေးလို့ မရတဲ့ ဗလာစာအုပ်တွေ ကြားမှာ ငါ အသက်မဲ့ ခဲ့တယ်
    FIGHT FOR FREEDOM ÖK

    ReplyDelete
  56. အတူတူ ကလစ်ကြစို့

    ReplyDelete
  57. To be clicked every day buddies.

    ReplyDelete
  58. အမှောင်ထဲက ညည်းညူးသံများ၊ ရယ်သံများ၊ ငိုသံများ😔

    ReplyDelete
  59. Click done... All the clickers thank

    ReplyDelete

Post a Comment

Popular posts from this blog

Morning Greeting (Click 01)

Flowers (Click 03)

Morning Greeting (Click 01)