Golden Retriever Facts - 02 (Click 02)

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Clickers တို့ရေ... ၁၀ စက္ကန့်နေပြီးမှ ပြန်ထွက်ပေးပါနော။

အချိန် စ,မှတ်ပါပြီ။ 10


    အရင် တင်ပေးဖူးတဲ့ Golden Retriever Facts လေးတွေ ပုံအကြည် (Original Quality) နဲ့ ပြန်တင်ပေးတာပါခင်ဗျာ။ Original Quality အတိုင်း Save ချင်ခဲ့မယ်ဆိုရင် ပုံကို ဖိနှိပ်လိုက်ပါ။ ပြီးရင် Open Image In New Tab ဆိုတာကို ရွေးပေးပါ။ အဲ့ကျမှ Tab အသစ်မှာ ပေါ်လာတဲ့ ပုံလေးကို ဖိပြီး Save ရင် ရပါပြီခင်ဗျာ။

မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။

Comments

  1. တစ်​​နေ့​တော့ ​မွေးပြီးအတူ​ဆော့ပါမည်

    Till the end
    Fighting together 💪

    ReplyDelete
    Replies
    1. ဟုတ်ပါ့ တကောင်လောက်တော့ မွေးရအုံးမယ်ဗျ

      Delete
    2. တစ်​နေ့​ပေါ့ Bro Myo Htut ​ရေ့ 💪

      Delete
    3. ဟုတ်ပါ့ဗျာ။

      Delete
    4. We Click, We Stream, We Support and We Must Win ✊

      Delete
  2. အားလုံးပဲမင်္ဂလာပါခင်မျာ

    ReplyDelete
  3. 🥭 Done 🐕‍🦺🦮

    ReplyDelete
  4. သူမနှင့်ကျွန်တော် ချစ်သူသက်တမ်း ၁ နှစ်ပြည့်မှာ နှစ်ယောက်ထဲ ချောင်းသာကို
    ညအိပ်ခရီးသွားဖြစ်ခဲ့ကြတယ်

    သူမဟာ ပညာတတ် ခေတ်လူငယ် တစ်ယောက်ဆိုပေမယ့် ဘာသာတရားကိုင်းရှိုင်းပြီး ယဉ်ကျေးသိမ်မွေ့သူတစ်ယောက်ပါ

    ပထမညမှာ ကျွန်တော်သူမကို
    ပွင့်ပွင့်လင်းလင်းပဲပြောပြခဲ့တယ်
    `နင့် သိက္ခာကို ငါအရမ်းတန်ဖိုးထားတယ် ဟေမာန် နင့်ဆန္ဒမပါဘဲ ငါ့စိတ် ငါ့ဆန္ဒတစ်ခုတည်းအတွက်နဲ့ ဘယ်တော့မှ မလုပ်ဘူး
    ဒါက နင့်အပေါ်ထားတဲ့ ငါ့ရဲ့ စိတ်ပဲ ဟေမာန် ´

    နောက်ညရောက်တော့ သူမ ကျွန်တော့ရင်ခွင်ထဲမှာ ခေါင်းလေးမှေးပြီးပြောရှာတယ်
    `နင် မနေ့ညက ပြောတဲ့ စကားကို
    ငါတစ်ညလုံးတွေးတယ်ဟာ ပြီးတော့
    ငါ အရမ်းလဲပျော်တယ် ဆန္ဒကိုသိက္ခာနဲ့ထိန်းနိုင်တဲ့ ယောကျာ်းမို့ ငါအရမ်းကျေနပ်ခဲ့တယ်´
    အဲ့လိုပြောရင်း သူမရဲ့လက်ချောင်းလေးတွေနဲ့ ကျွန်တော့ရင်ဘက်အမွှေးလေးတွေကို ပွတ်သပ်ဆော့ကစားနေတယ်

    ကျွန်တော် သူမမေးစေ့လေးကို အသာယာဆွဲကိုင်မော့လိုက်ပြီး တိုးတိုးလေးပြောလိုက်တယ်
    `ငါ မနေ့ညက တညလုံးအိပ်မပျော်နိုင်ဘူး ဟေမာန်

    ငါ့စိတ်တွေဟာလေ ကမ်းခြေကကျောက်ဆောင်တွေကို ရိုက်ခက်နေတဲ့
    လှိုင်းလုံးကြီးတွေလိုပဲ ဝုန်းဒိုင်းကြဲနေခဲ့တာ
    နင်ဘယ်သိမလဲ လေ´

    ရွှန်းလဲ့နေတဲ့မျက်ဝန်းအစုံနဲ့ကြည့်ရင်း သူမက
    ` အခုညရော အဲဒီလိုပဲဖြစ်နေလား´ တဲ့

    မောဟိုက်နေတဲ့ လေသံမျိုးနဲ့ တိုးတိုးလေးပြောရင်း ရင်ဘတ်ပေါ်မှာဆော့ကစားနေတဲ့
    သူမလက်လေးတွေဟာ ဖြည်းညင်းစွာအောက်ဘက်ဆင်းသက်လာပြီး ကျွန်တော့ခါးကို တင်းကြပ်စွာဖတ်တွယ်လာရင်းနဲ့

    `ငါက မိန်းကလေးလေဟာ ပြီးတော့ ရှက်လဲ ရှက်တယ်ဟာ ဒါပေမဲ့ ခုည နင့်သဘောအတိုင်းပါပဲ ´

    သူ့မျက်နှာကို ကျွန်တော့ရင်ဘတ်ထဲ ဝှက်ပြီး
    တိုးတိုးလေး ပြောလာတယ်...

    ကျွန်တော် သူမမျက်နှာလေးကို ကိုင်မော့လိုက်ပြီးနုတ်ခမ်းဖူးဖူးလေးကို ဖွဖွလေးနမ်းလိုက်မိတယ်

    ပန်းနုရောင်သမ်းလာတဲ့ သူမမျက်နှာလေးဟာ ရှက်သွေးတွေ ဖြာနေလေရဲ့ အေးစက်နေတဲ့ သူမလက်ဖဝါးလေးကို ဆုပ်ကိုင်ရင်း

    `` မင်း ရှက်နေတာလား ဟေမာန် ´´

    `` အင်း ´´

    မျက်လွှာလေးချပြီး မပွင့်တပွင့်လေးပြောရှာတယ်

    သူမအရမ်းရှက်နေမှန်း သိလို့ ကျွန်တော်က

    ပုထုဇဉ်တွေမို့ ကိလေသာ ပယ်သတ်၍မရနိုင်သေးကြောင်း သမုဒယအမြစ်တွေပွားနေမြဲသာဖြစ်ကြောင်း ရှက်စရာမလိုကြောင်း
    သဒ္ဒါ၊ သီလ သုတ ၊ စာဂ ပညာ စသဖြင့်
    သူတော်ကောင်းတရား ၇ ပါးရှိကြောင်း
    ဝိသာခါအမျိုးသမီးကြီးတောင် မြေးမြစ်တွေအများကြီးရှိခဲ့ကြောင်း

    ဟီရိ ဩတပ္ပ ဆိုတဲ့
    အရှက်နှင့်အကြောက်ရှိရမှာမှန်ပေမယ့်လို့
    ရှက်သင့်တဲ့ အရှက်ဆိုတာ မကောင်းမှုလုပ်ရမှာကိုသာ ရှက်သင့်ကြောင်း
    စသဖြင့် အစချီလိုက်တာ
    နဂိုကတည်းက တရားဘာ၀နာလိုက်စားတဲ့ သူမဟာ မသိတာတွေကို... မေး
    ကျွန်တော်ကရှင်းပြ သိတာတွေရော မသိတာတွေရော ဖြီးဖြန်းရင်းနဲ့

    အဲဒီညမှာတင်

    သူမလည်း သောတပန်တည်
    ကျွန်တော်လည်း မနက်မိုးလင်းတော့
    အဲ့ဒိနားကကျောင်းမှာပဲ ဘုန်းကြီးဝတ်လိုက်တာ ခုဆို ၇ ဝါတောင်ပြည့်တော့မယ်လေ xD

    ᴄᴛᴛᴏ - bo
    #crd_to_bobohein

    ReplyDelete
  5. Good morning all clickers
    Have a great day 😘
    ☕🍰☕🍰☕🍰

    ReplyDelete
  6. Done 🍰
    မွေးချင်လိုက်တာဗျာ🐕‍🦺🐾

    ReplyDelete
  7. Good Morning 🌄
    Admin and clickers 😁
    .......

    ReplyDelete

  8. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  9. မင်မင်ကသာ ​စေတနာနဲ့ တင်​ပေး​နေ ကျ​နော်​တော့ ဘာမမြင်ရဘူး 🧐🧐🧐

    ReplyDelete
  10. ကြယ်တွေအကြောင်းကိုမေ့တဲ့ ညက

    ကြယ်တွေအကြောင်းကိုမေ့တဲ့ ညက
    ညထဲမှာ တစ်ယောက်တည်း
    အချစ်ကိုဆာလောင်တဲ့အခါ
    ကိုယ်က သူ့ကိုလွမ်းလို့ အရက်မသောက်တော့ဘူး
    သူက ကိုယ့်ကိုလွမ်းလို့ မငိုတော့ဘူး
    ဟိုး...တောင်ထိပ်မှာတော့
    မိုးတွေညိုလို့မည်းလို့။

    ကြယ်တွေအကြောင်းကိုမေ့တဲ့ ညက
    ညထဲမှာ တစ်ယောက်တည်း
    ဝန်တွေကို ပစ်ချလိုက်လို့ကလည်း မဖြစ်ဘူး
    ရင်ကို ဖွင့်ချလိုက်လို့ကလည်း မဖြစ်ဘူး
    တကိုယ်လုံးလည်း နင်နေလှပြီဆိုတော့
    ကိုယ်က ညကိုအစိမ်းလိုက် မျိုချလိုက်ပါတယ်
    ဟိုး...ရင်အတွင်းမှာ
    မှောင်လို့မည်းလို့။

    ကြယ်တွေအကြောင်းကိုမေ့တဲ့ ညက
    ညထဲမှာ တစ်ယောက်တည်း
    ကိုယ့်လက်ထဲမှာရှိတဲ့ ဖုန်းဆိုတာကလည်း
    အမှောင်ထုရဲ့ စာရွက်တစ်ခုမျှသာ
    ရင်ဘတ်ကို သူ့အထဲပစ်ထည့်လိုက်တော့
    ညက ညကို စိတ်ကုန်ဆုံးသွားခဲ့ပါပေါ့
    ဟိုး....သန်းခေါင်ကျော် အိပ်မက်ဟာ
    ခြောက်လို့ကပ်လို့။

    ကြယ်တွေအကြောင်းကို မေ့တဲ့ညက
    ညထဲမှာ တစ်ယောက်တည်း
    ညဟာ အရောင်ပိုပိုနက်လာ
    ညဟာ ညဖြစ်ကြောင်း အစွမ်းကုန်မှောင်မိုက်ပြီး
    ခြောက်လှန့်
    ညထဲကို တစ်ကိုယ်လုံးနစ်မြုပ်သွားတဲ့အခါမှာတော့
    ကိုယ့်တကိုယ်လုံး မွန်းကြပ်မွတ်သိပ်မောဟိုက်လို့...
    မျက်လုံးအစုံကို ဖွင့်ချလိုက်တဲ့အခါမှာ
    ကြယ်တွေကို ပြန်သတိရ
    ကိုယ်လည်း အလင်းပြန်ရခဲ့ရပေါ့။

    အချစ်ရေ...
    ကိုယ်တို့ဘဝတွေဟာ
    တခဏလေးမျှ ကြယ်တွေအကြောင်းကို မေ့ဖို့ အခွင့်မရတော့ပါဘူး။


    ReplyDelete
  11. Clickerများအားလုံး မင်္ဂလာပါ... 09:44 AM

    ReplyDelete
  12. With passion & perseverance, I click every day.

    ReplyDelete
  13. Everything I do, I do it for you 💞

    ReplyDelete
  14. မင်မင်က GR ကြိုက်တာလား? 🤔

    ReplyDelete
  15. ကျေးဇူးပါ ❣️❣️❣️

    ReplyDelete

  16. အဆုံးသတ်တိုက်ပွဲ ဒို့ဆင်နွှဲမို့
    ခြွေပစ် ချေပစ် နေရာမလစ်စေဖို့
    မြေပြင်အသစ်အဖြစ် ဒို့ပြည်သူတွေ
    မကြာမှီနားခိုစေဖို့ အောင်ပွဲဆီသို့✊

    ReplyDelete
  17. Puppyလေးတွေမွေးဖူးတယ်၊
    အရမ်းသံယောဇဉ်တွယ်ရတယ်၊
    သူတို့လေးတွေ‌‌ဆုံးသွားရင်အရမ်းခံစားရတယ်၊ ခုတော့ ထပ်မမွေးဖြစ်တာ ကြာပြီ။

    ReplyDelete
    Replies
    1. ဟုတ်တယ် သံယောဇဉ်တွေ ခြံကျယ်လို့မမွေးလို့မဖြစ် မွေးပြန်ရင်လဲ
      ငိုလိုက်ရတာ 😢😢

      Delete
  18. 🥷 ယောက်ျား ...

    @ ရှေးပဝေသဏီခေတ်ထဲက ...
    မြန်မာဆိုတာ ကမ္ဘာမှာရှိခဲ့တာ
    ယောက်ျားဆိုလည်း ...
    ကမ္ဘာမှာ အားကောင်းမောင်းသန်
    ကမ္ဘာက လေးစားခဲ့ရတာ၊
    @ အခုတော့ ...
    မအလ,စခရခ,ဘောမတွေ
    ကိုယ်လုပ်ပြီး သူများလွှဲချတာ
    မင်းတို့ ယောက်ျားမှဟုတ်ရဲ့လား ?
    ယောက်ျားဖာသည်လား ?
    မေးရတော့မယ်ကွ။

    ( # မြန်မာဆိုတာ ညီအကိုတိုင်းရင်းအားလုံး
    ပါကြောင်းပါခင်ဗျာ )
    🥷 စစ်မင်းထက်သာ

    ReplyDelete
  19. Hello helloနောက်ကျနေပေမဲ့ရောက်ရှိ
    မနေ့ကဟာလဲ ရတဲ့ချိန်ပြန်ကလစ်ပါမယ်ညော်
    အာဘွားယူ

    ReplyDelete
  20. မရောက် ရောက်အောင် အပြေးလာခဲ့ပါသည်ရှင်

    ReplyDelete
  21. ကျနော်နဲ့ စရိုက်တူတယ်ရယ်
    အဆော့သန်တာ
    အဖော်ရပြီး
    အခွင့်အရေးရရင် မွေးမယ်ဗျာ 😁🤭

    ReplyDelete
  22. ချစ်ဖို့ကောင်းတဲ့ ကလေးလေးတွေ 🦮

    ReplyDelete
  23. အဲ မမြင်ရပ့လား🙄

    ReplyDelete
  24. ပြေးတိုင်းလည်း မရောက်တဲ့ ခရီး တစ်ခုဟာ
    ငါ... ပေါ့၊

    ကိုယ့်ကြိုးစားမှု ဆိုတာကလည်း
    ကံတရား က ပုံဖျက်ဖြတ်တောက်
    သူ ပေးချင်သလောက်ပဲ ရတာပါ၊

    ကိုယ့်ဘဝမှာ ကိုယ် ဧကရာဇ် မဖြစ်ရရင်
    ဘုရင်ခံ ရာထူးကိုလည်း ငါမလိုချင်ဘူး.. ။
    #မင်းခိုက်စိုးစန်

    ReplyDelete
  25. Good morning 🌅
    Admin and clickers 😊🍀

    ReplyDelete
  26. Clicking daily means supporting revolution for winning

    ReplyDelete
  27. Good afternoon 🌞
    Admin and clickers 😊🍀

    ReplyDelete
  28. 🙂 တစ်ခါတစ်လေ ...

    @ တစ်ခါတစ်လေ ...
    ကိုယ့်အစိုးရကိုအားမရဘူး
    အမြန်နိုင်ချင်လို့၊

    @ တစ်ခါတစ်လေ ...
    လက်နက်မပြည့်စုံတာအားမရဘူး
    မြို့တက်သိမ်းချင်လို့၊

    @ တစ်ခါတစ်လေ ...
    ကိုယ့်ပြည်သူကိုအားမရဘူး
    သွေးအေးသွားပြီလားလို့၊

    @ တစ်ခါတစ်လေ ...
    EROsတွေကိုအားမရဘူး
    ဖက်ဒရယ်စံနစ်ကြာမှာစိုးလို့၊

    @ တစ်ခါတစ်လေ ...
    ကိုယ့်ကိုယ်ကိုယ်အားမရဘူး
    ဒီထက်မလုပ်ဆောင်နိုင်သေးလို့။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  29. 🥷 ညီညွတ်မှ ...

    @ နိုင်ဘို့ဆိုရင် ...
    အစိုးရရယ်,ပြည်သူရယ်
    လက်နက်ကိုင်အဖွဲ့ရယ် ဟန်ချက်ညီညီ
    ညီညီညွတ်ညွတ်လုပ်ဆောင်မှ
    မလွဲမသွေရပါလိမ့်မယ်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  30. Good articles thanks. 25 Oct 2022. From Telegram link.

    ReplyDelete
  31. 🙂 ပုံရိပ် ...

    @ ပန်းချီကာတွန်းလေးတွေကို ...
    ကျနော့်အယူအဆအရ"ပုံရိပ်"လို့ထင်တယ်
    ဘာလို့လည်းဆိုတော့ ...
    သက်ရှိသက်မဲ့လှုပ်ရှားမှုသဘာဝတွေကို
    ပုံရိပ်အဖြစ်ဖန်တီးထားလို့ပါဘဲ
    ဒီနေရာမှာပုံရိပ်လေးတွေကိုကြည့်ပြီး
    လူတွေက ...
    မှန်တယ်မှားတယ်
    ကောင်းတယ်ဆိုးတယ်လို့ဝေဖန်ပါလိမ့်မယ်
    ဒါပေမယ့်"အရေးအကြီးဆုံး"က ...
    လူသားဆန်ဆန်‌တွေးခေါ်ကြည့်တတ်ဘို့
    လိုအပ်ပါလိမ့်မယ်။

    🥷 စစ်မင်း ထက်သာသီအိုရီ

    ReplyDelete

Post a Comment

Popular posts from this blog

Click 01

Click 01

Did You Know - Who started to celebrate birthday with a cake?