Did You Know - Who started to celebrate birthday with a cake?

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Clickers တို့ရေ... ၁၀ စက္ကန့်နေပြီးမှ ပြန်ထွက်ပေးပါနော။

အချိန် စ,မှတ်ပါပြီ။ 10



မွေးနေ့မှာ ကိတ်မုန့် ခွဲရမယ်လို့ ဘယ်သူက စ လိုက်တာလဲ?

 

            လိုတိုရှင်း ပြောရရင်တော့ ဂရိလူမျိုးတွေပေါ့ခင်ဗျာ။ ဒါပေမယ့်လည်း သူတို့ကိုယ်တိုင် စတန့်ထွင်လိုက်တဲ့အရာတော့ မဟုတ်ပါဘူး။ သူတို့လည်း အီဂျစ်လူမျိုးတွေရဲ့ ဓလေ့ကနေ ဒီလိုလုပ်ဖို့ အကြံရခဲ့ကြတာပါ။ အီဂျစ်လူမျိုးတွေဟာ သူတို့ကို အုပ်ချုပ်မင်းလုပ်မယ့် ဖာရိုရှ်တွေ နန်းတက်ပြီဆိုရင် အဲ့ဒီဖာရိုရှ်ကို နတ်ဘုရားတစ်ပါးအဖြစ် မှတ်ယူကြပါတယ်။ အဲ့ဒီမှာ နန်းတက်ပွဲကို ပုံမှန်အခြားနိုင်ငံတွေလို နန်းတက်ပွဲလို့ မခေါ်ဝေါ်ကြဘဲ နတ်ဘုရားရဲ့ မွေးနေ့ပွဲလို့ ခေါ်ကြပါတယ်။

            အဲ့ဒီခေတ်တုန်းက အီဂျစ်လူမျိုးတွေဟာ ကိတ်မုန့်ကို နတ်ဘုရားတွေ၊ ရှင်ဘုရင်တွေ၊ သူရဲကောင်းတွေအတွက် စတေးခြင်း၊ သွေးမြေကျခြင်း မရှိတဲ့ အထွတ်အမြတ် လက်ဆောင်ပန္နာအဖြစ် မှတ်ယူကြပါတယ်။ ဆိုတော့ အဲ့အချက်ကိုပဲ ဂရိတွေက အတုယူပြီး သူတို့ရဲ့ လနတ်သမီးဖြစ်တဲ့ အာ့တ်တီးမတ်စ် နတ်ဘုရားမကို ပထမဆုံးအနေနဲ့ ကိတ်မုန့်ကို ဆက်သခဲ့ပါတယ်။ ဒီအကြောင်းအရာတွေကိုတော့ ဂရိသမိုင်းပညာရှင် ဖီလိုခေါရပ်စ် (Philochorus) ရဲ့ မှတ်တမ်းအရ သိရတာပါ။

            ဂရိလူမျိုးတွေဟာ သူတို့ရဲ့ နတ်ဘုရားမဆီ ဆက်သမယ့် ကိတ်မုန့်ကို ပေါင်မုန့်တွေ၊ ဘီစကစ်တွေ၊ မယ်လီလို့ခေါ်တဲ့ ပျားရည်မုန့်လုံးတွေနဲ့ ပြုလုပ်ခဲ့ကြပါတယ်။ အီဂျစ်တွေရဲ့ ဓလေ့ထက် ပိုသွားတာတစ်ခုကတော့ ကိတ်မုန့်ပေါ်မှာ ဖယောင်းတိုင်လေးတွေ ထွန်းတာပါပဲ။ ဒါကလည်း လပြည့်ချိန် အလင်းရောင် ထွန်းတောက်နေသလိုမျိုးအဖြစ် လနတ်ဘုရားမ အာ့တ်တီးမတ်စ်ကို ရည်ညွှန်းတဲ့အနေနဲ့ ထွန်းကြတာပါ။

            အေဒီ (၁၁၀၀-၁၄၀၀) ဝန်းကျင် အလယ်ခေတ်ကာလမှာတော့ ဂျာမန်လူမျိုးတွေဟာ ခရစ်စမတ်နေ့မှာ ခရစ်စမတ်သစ်ပင်တွေ၊ မွေးနေ့ကိတ်တွေနဲ့  သခင်ယေရှုခရစ်တော်ရဲ့ မွေးနေ့အဖြစ် ပြုလုပ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ အေဒီ (၁၄၀၀) နှောင်းပိုင်းမှာတော့ ဂျာမန်လူမျိုးတွေဟာ ကလေးတွေရဲ့ မွေးနေ့ပွဲတွေမှာ ကိတ်မုန့်လေးတွေနဲ့ ဆင်နွှဲလာကြပါတယ်။ ကိတ်မုန့်ပေါ်မှာတော့ ကလေးငယ်ရဲ့ အသက်ကို ဖော်ပြတဲ့အနေနဲ့ ဖယောင်းတိုင်လေး ထွန်းကြတယ်ပေါ့ခင်ဗျာ။ အဲ့ဒီခေတ်က ကလေးတွေရဲ့ မွေးနေ့ကို Kinderfest လို့ ဂျာမန်လူမျိုးတွေက ခေါ်ခဲ့ကြပါသတဲ့ခင်ဗျာ။

            ဒါပေမယ့်လည်း ကမ္ဘာနဲ့အဝန်းမှာ မွေးနေ့ကိတ်ကို မိသားစုတိုင်း မလုပ်နိုင်ခဲ့ကြပါဘူး။ ဘာလို့ဆို အဓိက ပါဝင်ပစ္စည်းတစ်ခုဖြစ်တဲ့ သကြားဟာ အတော်လေးဈေးကြီးတဲ့ ပစ္စည်း ဖြစ်နေခဲ့လို့ပါ။ (၁၆-၁၇) ရာစုနှစ်တွေမှာတော့ နည်းပညာထွန်းကာလာပြီး သကြားကို ပေါပေါများများ ထုတ်လုပ်လာနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ (၁၈) ရာစု အရောက်မှာတော့ မိသားစုတိုင်းရဲ့ မွေးနေ့ပွဲတွေမှာ မွေးနေ့ကိတ်တွေ ဝေဝေဆာဆာနဲ့ ဖြစ်လာခဲ့တယ်ပေါ့ခင်ဗျာ။

            ဆိုတော့ကာ ခုခေတ်အချိန် ကလေးငယ်လေးတွေရဲ့ မွေးနေ့ပွဲတင် မဟုတ်တော့ဘဲ အသည်းလေး မွေးနေ့၊ ကိုကို့မွေးနေ့၊ ပူကျူးလေး မွေးနေ့၊ အူစီတူးလေးအတွက် surprise.. အမယ်လေးဗျာ... ပြောမကုန်ပေါင်၊ ဘာပွဲ၊ ညာပွဲတွေအကုန် ကိတ်မုန့်လေးတွေနဲ့ ဖယောင်းတိုင်လေးတွေ မီးမှုတ် တဖူးဖူးနဲ့ ဖြစ်ကုန်ကြလေသတည်းပေါ့ခင်ဗျာ.....

မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။

Comments

  1. ဘာလို့ ချန်နယ်မှာမတင်တာ 🤔
    မဝင်တော့ဘူးလို့အောက်မေ့တာ
    မနေနိုင်လို့ 😅

    ReplyDelete
  2. 🍰စားချင်သွားတယ်

    ReplyDelete
    Replies
    1. ဘယ်နေ့ကမွေးနေ့လဲမသိလိုက်ဘူးရော

      Delete
  3. မီမနေ့ကကိတ်ခွဲသေးတယ် ခိခိ 🥳

    ReplyDelete
  4. မင်မင့်မွေးနေ့ရော အသည်းလေးက ကိတ်မခွဲပေးဘူးလား 😁

    *မေးသာမေးရတယ် ရှိရောရှိရဲ့လားမသိ :P

    ReplyDelete
  5. မင်္ဂလာနှစ်သစ်ပါ

    ReplyDelete

Post a Comment

Popular posts from this blog

Morning Greeting (Click 01)

Flowers (Click 03)

Morning Greeting (Click 01)