Click 01

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ပြန်ထွက်လို့ ရပါပြီ။


Covid Myth Part - 1

မေး- ရေနွေးငွေ့ ရှူခြင်း၊ တိုင်းရင်းဆေးအပူများနှင့် ပရုတ်ဆီ များ ရှူခြင်း ၏ ကောင်းကျိုး၊ ဆိုးကျိုးကို သိပါရစေ။ 


ဖြေ- ပထမဦးစွာ ပြောလိုသည်မှာ ရေနွေးငွေ့ ရှူခြင်း၊ ဆေးအပူနှင့် ပရုတ်ဆီ များ ရှူခြင်း သည်  ကိုဗစ်ပိုးကို မ သေစေနိုင်ပါ။ ထို့ကြောင့် အနံ့ ပြန်ရ စေရန် ရည်ရွယ်ချက်ဖြင့် အထက်ပါ နည်းလမ်း များကို မှီဝဲ နေလျှင် အချဉ်းနှီး ဖြစ်ပါသည်။ 


ရေနွေးငွေ့ ရှူခြင်း သည် ရိုးရိုး ဖျားနာ ၍ နှာပိတ်ခြင်းကို အတန်ငယ် သက်သာစေသည်မှာ မှန်ပါသည်။ သို့သော် အလွန်ပူသော ရေနွေးငွေ့သည် နှာခေါင်းနှင့် အသက်ရှူလမ်းကြောင်း ကို အပူလောင်စေပြီး နောက်ဆက်တွဲ ပြဿနာ များ၊ ရောဂါများ ကို ဖြစ်စေနိုင်ပါသည်။ 14 နှစ်အောက် ကလေးငယ်များကို ရေနွေးငွေ့ရှူစေခြင်းအား အထူးရှောင်ရှား ရမည် ဖြစ်ပါသည်။ ရေနွေးငွေ့ ထုတ်ပေးသော စက်များ မှ တဆင့် ရှူလျှင် လဲ ထိုစက်များ၏ သန့်ရှင်းရေး ကို အထူး ဂရုစိုက် ရမည် ဖြစ်သည်။ ထိုစက်များမှ ကိုဗစ်ပိုး ပြန့်နှံ့ သွားသော သာဓကများ ရှိပါသည်။ WHO နှင့် CDC ကလဲ ရေနွေးငွေ့ ရှူ ခြင်း သည် ကိုဗစ်ရောဂါကို ကာလဲ မကာကွယ်နိုင်သလို ကုသရေးတွင်လဲ မထိရောက် ဟု ပြောထားပါသည်။ 


ဆေးအပူနှင့် ပရုတ်ဆီ များ တွင် ပါဝင်သော essential oils များ menthol များသည် နှာပိတ်ခြင်း ကို သက်သာစေပါသည်။ အသက်ရှူ ရတာ ပို သက်တောင့်သက်သာ ရှိလာစေပါသည်။ သို့သော် ထိုဆေး များသည် တစ်နေ့ ပမာဏ ဘယ်လောက်ကို သာ သုံးသင့်ကြောင်း၊ ထို ပမာဏထက်ကျော်လွန်ပါက အန္တရာယ်ရှိကြောင်း စသည်ဖြင့် ဖော်ပြထားသော အချက်အလက်များ၊ သုတေသနများ မရှိနေပါ။ safety dose ကို မသိရ မမြင်ရ ပါ။ ထို့အပြင် essential oils ဓာတ်မတည့် သူ များလဲ ရှိတတ်ပါသည်။ ဆေးအပူနှင့် ပရုတ်ဆီ ရှူမှ အသက်ရှူရပိုကြပ်လာတာမျိုး လဲ ဖြစ်လာနိုင်ပါသည်။ တစ်ယောက်နှင့် တစ်ယောက် sensitivity နှင့် ခံနိုင်အား မတူကြသည့်အတွက် သတိဖြင့်သာ သုံးကြ၊ ညွှန်းကြဖို့ တိုက်တွန်းပါသည်။ 

Credit goes to ဆေးတက္ကသိုလ် ၁ ကျောင်းသားသမဂ္ဂ

မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။

Comments

Post a Comment

Popular posts from this blog

C2D's Numerology (Click 06)

CLICK

C2D's Numerology (Click 06)