Click 02

Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ပြန်ထွက်လို့ ရပါပြီ။

ကိုဗစ်ဖြစ်နေတဲ့ အချိန် ဘယ်လို စားသောက်နေထိုင်ကြမလဲ?

တစ်နေ့တာ အစားအစာ စားပုံစားနည်း ဟာ နေမကောင်းဖျားနာမှ မဟုတ်ပဲ ကျန်းမာနေစဉ် (သို့) ကျန်းမာတဲ့စိတ် နဲ့ ခန္ဓာ ကို မွေးမြူတဲ့ နေရာ မှာ အရေးပါလှပါတယ်။
ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ စက်ကြီး တစ်ခု လို သဘောထားကြည့်ပါ။ စက် လည်ပတ်ဖို့ မဖြစ်မနေ လိုအပ်တာ လောင်စာဆီ ဖြစ်ပါတယ်။ လူ့ခန္ဓာက်ိုယ်ရဲ့ မရှိမဖြစ် လောင်စာဆီ က တော့ အသားဓာတ်၊ ကစီဓာတ် နှင့် အဆီဓာတ် တို့ ဖြစ်ပါတယ်။
✔︎အသားဓာတ်၊ ကစီဓာတ် နှင့် အဆီဓာတ် တို့ အရေးပါပုံ ကို သိရှိပြီးနောက် ဒီဓာတ်တွေ ကို တစ်နေ့တာ လိုအပ်တဲ့ ကယ်လိုရီ စံညွှန်းနဲ့ အညီ မျှတစွာ စားသောက်ပေးရပါမယ်။ တစ်ဦးနဲ့ တစ်ဦး ကယ်လိုရီ လိုအပ်မှုက ကွဲပြားလေ့ရှိတာမို့ အကြမ်းဖျင်းအရ ပြောရရင် လူလတ်ပိုင်း အမျိုးသားများမှာ အနည်းဆုံး ကယ်လိုရီ 2000-2500 အထိ လိုအပ်ပြီး အမျိုးသမီး များမှာတော့ အနည်းဆုံး 1800-2000 အတွင်း စားသုံးပေးရပါမယ်။ နေမကောင်းဖြစ်နေချိိန်မှာ ကယ်လိုရီ ပိုမိုလိုအပ်လေ့ရှိတာမို့ ယခင်ကထက် တိုးပြီး စားပေးရပါတယ်။ ဆီးချိုနှင့်သွေးတိုး ရှိပါက ဆရာဝန်ကို တိုင်ပင်သင့်ပါတယ်။
အသားဓာတ် ပြည့်ဝသော အစားအစာများမှာ - ငါး၊ အသားအမျိုးမျိုး၊ ကြက်ဥ၊ နို့၊ ပဲအမျိုးမျိုးနှင့် အစေ့အဆံများ။
ကစီဓာတ်ပြည့်ဝသော အစားအစာများမှာ - ထမင်း၊ အာလူး၊ အုတ်ဂျုံ၊ ငှက်ပျော်သီး၊ ကန်စွန်းဥ၊ ပြောင်းဖူးနှင့် ပဲအမျိုးမျိုး။
အဆီဓာတ် ပြည့်ဝသော အစားအစာများမှာ - ကြက်ဥ၊ ဆယ်လ်မွန်ငါး၊ ထောပတ်သီး၊ အစေ့အဆံများကို ကြိတ်၍ ရရှိလာသော ဆီအမျိုးမျိုး။
✔︎ထို့နောက် ကျတော်တို့ရဲ့ ကိုယ်ခန္ဓာစက်ယန္တရားကြီး ချောမွတ်စွာ လည်ပတ်နိုင်ဖို့ အမျှင်ဓာတ်၊ ဗီတာမင် နှင့် သတ္ထုဓာတ်များက ချောဆီ အနေနဲ့ ဆောင်ရွက်ပေးပါတယ်။ ၄င်းတို့ကိုလဲ လိုအပ်ချက် ပြည့်မီအောင် စားပေးရမှာ ဖြစ်ပါတယ်။
ဟင်းသီးဟင်းရွက် များမှာ အမျှင်ဓာတ်၊ ဗီတာမင် နှင့် သတ္ထုဓာတ်များစွာ ပါဝင်တာမို့ လူကြီး တစ်ယောက်အနေနဲ့ တစ်နေ့ကို အနည်းဆုံး ဟင်းချို ပန်းကန်လုံး တစ်လုံးခန့် အရောင်စုံလင်စွာ စားသောက်ပေးရင် လုံလောက်ပါတယ်။
ကိုဗစ်ဖြစ်နေချိန်မှာ ဟင်းသီးဟင်းရွက် များကို တိုး၍ စားပေးနိုင်ပြီး supplements များ ကို မဖြစ်မနေသောက်ရန် မလိုပါ။ ဟင်းသီးဟင်းရွက်များမှာ ပါတဲ့ ဗီတာမင် နှင့် သတ္ထုဓာတ်များဟာ အာရုံကြောနှင့် စိတ်ကျန်းမာရေးအတွက်လဲ အထောက်အကူပေးပါတယ်။ ဆီးချိုရှိပါက အသီးထက် အရွက်များများ စားပေးပါ။
✔စက်မချို့ယွင်းအောင် maintenance လိုသလိုပဲ အစားအသောက် အနေအထိုင် ဆင်ခြင်ရမယ့် အပိုင်းတွေရှိပါတယ်။
၁။ မပြည့်ဝဆီ(Unsaturated Fat) ဥပမာ- မြေပဲဆီ၊ ပဲပုပ်ဆီ၊ နေကြာဆီ၊ နှမ်းဆီ များကို ရွေးချယ်စားသုံးရမှာဖြစ်ပြီး ပြည့်ဝဆီ (Saturated Fat) ဥပမာ- စားအုန်းဆီ၊ ထောပတ်၊ ချိစ်၊ အမဲဆီ၊ ဝက်ဆီ များနှင့် အသွင်းပြောင်းဆီ (Trans Fat) ဥပမာ- ပြန်ကြော်ဆီ၊ မာဂျရင်းနှင့် တာရှည်ခံအစားအစာ များကို ရှောင်ကြဉ်ရပါမယ်။
၂။ ဆား ကို တစ်နေ့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းထက်ပိုမစားသင့်ပါ။
၃။ အချိုကဲသော ဖျော်ရည်များ၊ သွားရည်စာများကို လျှော့စားပါ။
၄။ ကဖင်းဓာတ်ပါတဲ့ သောက်စရာများနှင့် အယ်ကိုဟောလ်ပါသည့် အရက်စသော အဖျော်ယမကာများကို ရှောင်ကြဉ်ပါ။
၅။ ကိုယ်လက်လှုပ်ရှား ပြုလုပ်ပေးပါ။ လေကောင်းလေသန့်ရှူပါ။ ရေဓာတ်ပြည့်ဝအောင် ဂရုစိုက်ပါ။ ရေကို တစ်နေ့ ဖန်ခွက် ၈ ခွက်မှ ၁၀ ခွက်ထိ သောက်ပေးနိုင်ပြီး အရည်ရွှမ်းသော ဟင်းသီးဟင်းရွက်များကိုလဲ စားပေးနိုင်ပါသည်။
၆။ အိပ်ချိန်ကို သတိပြုပါ။ အိပ်ရေးဝဝ အိပ်ပါ။
နောက်ဆုံး အနေနဲ့ မှာချင်တာက တော့ အစားအစာ ချက်ပြုတ်တဲ့ နေရာမှာ သန့်ရှင်းမှုကို အထူး ဂရုစိုက်ပါ။ ချက်ပြုတ်မည့် အစားအစာနှင့် အိုးခွက် ပန်းကွက်များကို သေချာဆေးကြောပါ။ ချက်ပြုတ်သူက တကိုယ်ရည် သန့်ရှင်းမှု ရှိပါ။ အစားအစာတွေကို ကျက်အောင်ချက်ပြီး လုံအောင် ဖုံးအုပ်ပါ။ မစားမီနှင့် စားပြီး လက်ကို စင်ကြယ်အောင် ဆေးကြောပေးကြပါ ခင်ဗျာ။

Credit goes to ဆေးတက္ကသိုလ် ၁ ကျောင်းသားသမဂ္ဂ

မိတ်ဆွေတို့အားလုံး ဂရုစိုက်ကြပါခင်ဗျာ။      

Comments

Post a Comment

Popular posts from this blog

Morning Greeting (Click 01)

Flowers (Click 03)

Morning Greeting (Click 01)