Why Does Ice Float? (Click 06)
Click လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။ Clickers တို့ရေ... ၁၀ စက္ကန့်နေပြီးမှ ပြန်ထွက်ပေးပါနော။ အချိန် စ,မှတ်ပါပြီ။ 10 ပြန်ထွက်လို့ရပါပြီခင်ဗျာ။ ရေခဲတွေ ဘာလို့ ရေပေါ် ပေါ်တာလဲ? တစ်ခုခုကို အအေးခံလိုက်တယ်ဆိုရင် အဲ့ဒီအရာဟာ ကျုံ့သွားပြီး သိပ်သည်းဆလည်း တိုးလာပါတယ်။ ဒြပ်ထုပမာဏကို တသတ်မတ်တည်း ထားပြီး ထုထည်ပဲ သေးသွားအောင် ချုံ့လိုက်မယ်ဆိုရင် သိပ်သည်းဆ တိုးလာတာ သဘာဝကိုးဗျ..နော။ ဆိုတော့ တွေးကြမှာက ရေခဲတုံးကို ရေထဲထည့်လိုက်ရင် မြုပ်သွားမယ်ပေါ့။ ရေ အခြေအနေ ပြောင်းတဲ့ဟာမှာ ထူးခြားချက်လေးတစ်ခု ရှိတယ်ဗျ (အရည်၊ အစိုင်အခဲ၊ အငွေ့) ။ ရေမော်လီကျူးတွေဟာ အရည်အခြေအနေမှာဆိုရင် လျှော့တိလျှော့ရဲပါ (Loose Bond) ။ ရေခဲအခြေအနေမှာဆိုရင်တော့ တောင့်တောင့်တင်းတင်း (Rigid Bond) ဖြစ်သွားပါတယ်။ (Loose Bond ကနေ Rigid Bond အဖြစ် မျက်လှည့်ဆန်ဆန် ပြောင်းလို့ရတဲ့ နည်းလေးလည်း ရှိပါတယ်။ စာရှည်သွားမှာ စိုးတဲ့အတွက် နောက်များကျမှ ပို့စ်တစ်ခုသပ်သပ် တင်ပေးသွားပါ့မယ်ခင်ဗျာ)။ ရေခဲဖို့အတွက်ဆိုရင် ရေမော်လီကျူးလေးတွေဟာ အရည်အခြေအနေမှာ ရှိခဲ့တာထက် ထုထည်ပိုလာရပါတယ်။ ပြောရရင် ရေ ၁၀ ရာခိုင်နှုန်းလောက် ပိုသွားတယ်ပ...